ချစ်သောသူ၏ ပုံကို ကြည့်က ဒဏ်ရာ သက်သာ

မိမိ ချစ်သော သူ (ချစ်သူ၊ မိခင်၊ ဖခင်၊ သို့မဟုတ် အခြား မိတ်ဆွေ) ကိုပဲ ဖြစ်ဖြစ် သူတို့ရဲ့ ဓာတ်ပုံကို ကြည့်တဲ့အခါ မိမိမှာ ရှိနေတဲ့ ခန္ဓာကိုယ်ဒဏ်ရာနဲ့ စိတ်ဒဏ်ရာကို ၄၀ ရာခိုင်နှုန်းခန့် လျော့ချစေကြောင်း သုတေသန ပြုလုပ် ထားသူများက ပြောဆို ပါတယ်။

ယင်းအယူအဆကို ရှေးယခင် အခါကတည်းက လက်ခံပြီး မိမိချစ်သူရဲ့ ပုံကို ပန်းချီအဖြစ် ရေးဆွဲ သိမ်းဆည်းတာမျိုးတို့ ပြုလုပ်ပါတယ်။ ဒါကြောင့်မို့ မိမိချစ်သူ၊ ခင်သူရဲ့ ဓာတ်ပုံများကို အမှတ်တရသိမ်းဆည်းထားခြင်း၊ တောင်းထားခြင်း တို့က အမှတ်တရ ဖြစ်စေတဲ့အပြင် မိမိရဲ့ စိတ် ပျော်ရွှင်စေမှု အတွက်လည်း အထောက်အကူ ပြုကြောင်း ဆိုပါတယ်။ စမ်းသပ်မှုကို စတန့်ဖို့ တက္ကသိုလ်မှာ ကျောင်သားမျာဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး သူတို့ရဲ့ ချစ်သူ ဓာတ်ပုံကို ကြည့်နေချိန် ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို လေ့လာရာ ဒဏ်ရာအပေါ် စိတ်ရောက်နေမှုကို လျော့ချပေးပြီး ပိုပြီးတော့ comfort ဖြစ်စေကြောင်း ဆိုပါတယ်။

ဒါဟာ ဓာတ်ပုံအဆင့်မှာသာ ရှိသေးပြီး အကယ်၍ မိမိချစ်သူဟာ ဘေးအနီးအနားမှာ ရှိနေရင် မိမိရဲ့ ဒဏ်ရာ အနာတရ များကို ပိုလို့ ပျောက်ကင်းမှု မြန်ဆန်စေပါတယ်။ ဒါတေကြာင့်မို့ မိမိရွေးချယ်တဲ့ ဘဝလက်တွဲဖော်ဟာ ချစ်သူအစစ်အမှန် ဖြစ်ရင် အသက်ပိုရှည်စေကြောင်း စတန်းဖို့မှ သုတေသန ပြုလုပ်သူများက ပြောဆိုပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top