တင်ဇာမော် တစ်ကိုယ်တော်ရှိုးပွဲ မန္တလေးမှာ လုပ်မယ်

tinzarmaw.gif

မန္တလေးမှ တင်ဇာမော်ရဲ့ ပရိသတ်တွေ အတွက် အထူး သတင်းကောင်းလေး ပါးချင်ပါတယ်။

ယခုလာမယ့် မတ်လ ၂၆ ရက်နေ့မှာ တင်ဇာမော်ရဲ့ ဒုတိယ အကြိမ်မြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို မန္တလေးမြို့ရှိ မင်္ဂလာ မန္တလေး (ကားပါကင် ခေါင်မိုးထပ်) မှာ ဖျော်ဖြေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Dream Lover Music Band ရဲ့ တီးခတ်မှုနဲ့ အတူ တင်ဇာမော် အပြင် ပရိတ်သတ်တွေ အတွက် ခံစားမှု ရသ အသစ် ပေးစွမ်းနိုင်ဖို့ Duet သီချင်း ၃ ပုဒ်လည်း ပါဝင်မှာ ဖြစ်တယ်လို့သိရပါတယ်။

VIP လက်မှတ် ၁ သောင်းကျပ်နဲ့ ၂ သောင်းကျပ် နှုန်းထားများဖြင့် ရောင်းချသွားမှာ ဖြစ်ပြီး ထိုင်ခုံများဖြင့်သာ ဖြစ်ပါတယ်။ မတ်လ ၉ ရက်နေ့မှာ စတင်ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။ဖေဖော်ဝါရီလက ရန်ကုန်မြို့မှာ ဖျော်ဖြေခဲ့တဲ့ အခါမှာလည်း ပရိသတ်များစွာ လာရောက် အားပေးခဲ့ကြတာ အားလုံးအသိပါပဲ။ ယခု တစ်ခါမှာတော့ မန္တလေးမြို့မှ တင်ဇာမော် ပရိသတ်များ အတွက် တင်ဇာမော်ရဲ့ မေတ္တာ တုံ့ပြန်မှု အဖြစ် အင်တိုက်အားတိုက် ဖျော်ဖြေ တင်ဆက်မှာဖြစ်လို့ အထူးပင် ကြည့်ရှုသင့်တဲ့ ပွဲလေး တစ်ခု ဖြစ်ပါတယ်။

တင်ဇာမော် ရှိုးပွဲကို အသေးစိတ် သိလိုသည် ဖြစ်စေ၊ လက်မှတ်များ ဝယ်ချင်သည် ဖြစ်စေ
လှိုင်တေးသံသွင်း (လမ်း၈၀ ၂၆ × ၂၇ ကြား)၊ ဖုန်း ၃၂၃၈၂ / ၆၄၂၁၀
ကျော်ဗေလုဝ (၃၂လမ်း ၈၃ × ၈၄ကြား)
ရွှေလက်ဝါး ရွှေဆိုင်း (၇၈ လမ်း ၃၆ × ၃၇ ကြား)
မင်္ဂလာ မန္တလေး (Business Support Center)
Dr. Face (၃၂ လမ်း ရ၁ × ၇၂ ကြား)
Decent Entertainment ( အမှတ် ၈၀ အခန်း (4B) ၊ ၄ လွှာ ၊ ၃၇ လမ်း ရ၆ × ရ၇ ကြား) မှာ ဝယ်ယူနိုင်ပြီး
ဖုန်း – ၀၉-၂၅၀ ၁၄၂ ၄၇၀၊
၀၉-၄၂၅၂ ၆၆၅၅၊
၀၉-၄၂၀ ၀၃၀ ၆၉၉၊
၀၉-၇၃၂ ၃၃၁ ၇၄၀၊
၀၉-၄၃၁၄ ၇၆၀၆ မှာ စုံစမ်း မေးမြန်းနိုင်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top