တရုတ်နိုင်ငံက လှူဒါန်းတဲ့ ကိုဗစ်ကာကွယ်ဆေး အလုံးရေ သုံးသိန်းကျော် ဒီနေ့ညပိုင်းမှာ ရန်ကုန်လေဆိပ်ကိုရောက်ရှိ

213910926_856638395277140_6546822563504742070_n-၂.jpg

ရန်ကုန်၊ ဇူလိုင် (၂၂)

တရုတ်နိုင်ငံက လှူဒါန်းတဲ့ Sinopharm ကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေး အလုံးရေ သုံးသိန်းကျော် ဒီနေ့ညပိုင်းမှာ ရန်ကုန်လေဆိပ်ကို ရောက်ရှိနေပြီဖြစ်တယ်လို့ မြဝတီရုပ်မြင်သံကြား ကြေညာချက်အရ သိရပါတယ်။

အခုလှူဒါန်းတဲ့ ကိုဗစ်ကာကွယ်ဆေး အလုံးရေ (၃၆၈၀၀၀) Dose အနေနဲ့ဆို (၇၃၆,၀၀၀) ကို တရုတ်နိုင်ငံက ဒုတိယအကြိမ်မြောက်လှူဒါန်းတာဖြစ်ပြီး ဧပြီလကလည်း တရုတ်နိုင်ငံက ပထမဆုံးအကြိမ်အနေနဲ့ Dose ငါးသိန်း လှူဒါန်းခဲ့ပါသေးတယ်။

မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံက ကိုဗစ်ကာကွယ်ဆေးစုစုပေါင်း (၄) သန်း ဝယ်ယူထားပြီး အခုဇူလိုင်နဲ့ သြဂုတ်လတွေမှာ ကာကွယ်ဆေးတွေရောက်ရှိမှာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သိရပါတယ်။

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top