နယူးယောက်မြို့သားများ ဝယ်ယူဖို့ တန်းစီနေရတဲ့ ပလာတာ

yyl-005.jpg

အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကိုရိုနာစီရင်စု(Corona borough) ရှိ Queens နိုင်ငံတကာညဈေး တွင်ရောင်းချနေတဲ့ မြန်မာလူမျိုး ကိုမျိုးလင်းသွေးရဲ့ ပလာတာဟာ လူကြိုက်များလွန်းတဲ့အတွက် ညဘက်ညဘက်ဆို နယူးယောက်မြို့သားများ တန်းစီပြီး ဝယ်ယူနေကြပါတယ်။

ကိုမျိုးလင်းသွေး ဟာ Diamond District ရှော့ပင်းမောလ်တွင် အလုပ် လုပ်နေသူတစ်ယောက်ဖြစ်ပြီး စနေနေ့ညတိုင်းမှာ New York Hall of Science ပြတိုက်ရဲ့ ကားပါကင်နေရာနားမှာ  ပလာတာ ပြုလုပ်ရောင်းချလေ့ရှိပါတယ်။

ကိုမျိုးလင်းသွေးဟာ ပလာတာလုပ်နည်းကို သူ့ရဲ့ ဇာတိဖြစ်တဲ့ ဟသာင်္တမြို့ ရှိ သုံးဘီး ဆိုင်ကယ်မောင်းသမားတစ်ယောက်ဆီမှ သင်ယူထားခဲ့တာ ဖြစ်ပြီး အချိန်ရရင်တော့ ကိုမျိုးလင်းသွေးဟာ ထပ်တရာမုန့် (htut thayar or hundred layers) ကိုပါ ပြုလုပ်ပြီး ရောင်းချတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကွင်းစ်ညဈေးမှာ လူအရမ်းများတဲ့အတွက် သူဟာ ထပ်တရာမုန့်ကို မပြုလုပ်ဘဲ ရိုးရိုးပလာတာကို ကြက်သားဟင်းနဲ့ပေါင်းကာ ကြက်သားပလာတာအဖြစ် ရောင်းချပါတယ်။ ဒါ့အပြင် ကီးမားပလာတာနဲ့ အုန်းနို့ခေါက်ဆွဲပါ ရောင်းချတယ်လို့ သိရပါတယ်။ တစ်မျိုး ချင်းစီကို ၆ ဒေါ်လာခန့် ကျသင့်တယ် လို့သိရပါတယ်။

ပလာတာ (Palata) အိန္ဒိယနိုင်ငံရဲ့ ရိုးရာ အစားအသောက် ပေါင်မုန့်ပြားဖြစ်တဲ့ ပရာတာ (paratha) မှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။ Paratha ဟာ parat ဆိုတဲ့ စကားနဲ့ atta ဆိုတဲ့ စကားတို့ ပေါင်းစည်းခြင်းဖြစ်ပြီး အဓိပ္ပါယ်ကတော့ ကြော်ထားတဲ့ ဂျုံမုန့်လို့ အဓိပ္ပါယ်ရပါတယ်။ သို့ပေမဲ့ မြန်မာနိုင်ငံမှ ပလာတာဟာ မလေးရှားနိုင်ငံမှာ စားသုံးကြတဲ့ ပေါင်မုန့်ပြား Roti canai နဲ့ အရသာပိုပြီး ဆင်တူပါတယ်။

Ref : Newyork Times,Insider News : New Yorkers are lining up for this Burmese street food

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top