ပင်နယ်တီအဆုံးအဖြတ်နဲ့ ချန်ပီယံလိဂ်ဗိုလ်စွဲခဲ့တဲ့ ရီးရဲလ်

seyodo.gif

ရီးရဲလ်ဟာ မြို့ခံပြိုင်ဘက် အက်သလက်တီကိုကို ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ (၃)နှစ်အတွင်း ဒုတိယအကြိမ်မြောက် အနိုင်ယူပြီး (၁၁)ကြိမ်မြောက် ဥရောပဖလား (သို့မဟုတ်) ချန်ပီယံလိဂ်ဖလားကို သိမ်းပိုက်သွားခဲ့ပါတယ်။

တိုနီခရုစ်ရဲ့ ပြစ်ဒဏ်ဘောကန်ချက်ကို ဘေးလ် နောက်ပြန် ခေါင်းတိုက်ပေးရာကတစ်ဆင့် ရာမို့စ်က ရီးရဲလ်အတွက် အဖွင့်ဂိုး သွင်းခဲ့ပါတယ်။ ဒီအတွက် ရာမို့စ်ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ နှစ်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ပထမဆုံးခံစစ်မှူး ဖြစ်လာခဲ့ပါတယ်။

ဒုတိယပိုင်းမှာ အက်သလက်တီကိုအသင်း ပင်နယ်တီရခဲ့ပေမယ့် ဂရစ်ဇ်မန်းရဲ့ကန်ချက် ဘားထိထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန်(၇၉)မိနစ်မှာ ကာရက်စ်ကိုက အက်သလက်တီကိုအတွက် ချေပဂိုးသွင်းခဲ့ပြီး (၁-၁)နဲ့ ပွဲပြီးခဲ့လို့ အချိန်ပိုဆက်ကစားခဲ့ရာမှာ နှစ်သင်းလုံး ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ပင်နယ်တီ အဆုံးအဖြတ် ကန်ရာမှာတော့ အက်သလက်တီကိုဘက်က ဟွန်ဖရန်ရဲ့ ကန်ချက် တိုင်ထိခဲ့ပြီး ရီးရဲလ်အတွက် ပဉ္စမမြောက် ပင်နယ်တီကို ရော်နယ်ဒိုက ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့လို့ ရီးရဲလ်အသင်း ပင်နယ်တီအဆုံးအဖြတ် (၅-၃)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဒီရာသီမှာ ဘင်နီတက်ဇ်နေရာ အစားဝင်ခဲ့တဲ့ နည်းပြဇီဒန်းဟာ မီဂွယ်မြူနော့ဇ်ပြီးရင် ရီးရဲလ်အတွက် ကစားသမားဘဝမှာရော၊ နည်းပြဘဝမှာပါ ချန်ပီယံလိဂ်ဖလားရယူပေးခဲ့တဲ့ ဒုတိယမြောက် ဖြစ်လာခဲ့ပါတယ်။ အက်သလက်တီကိုအသင်းနဲ့ နည်းပြ ဆီမြွန်နီကတော့ (၃)နှစ်အတွင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲနှစ်ကြိမ်လုံးမှာ ရီးရဲလ်ကို ရှုံးပြီး ချန်ပီယံလိဂ်ဖလားကို လက်တစ်ကမ်းအကွာကနေ ဆုံးရှုံးခဲ့ရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top