ဘယ်တော့မှလက်မလွှတ်သင့်တဲ့သူ (၆) မျိုး

best-friends-on-a-rooftop-party-PVVSY8J.jpg

အခက်အခဲဖြစ်နေချိန် ကူညီတတ်တဲ့သူမျိုး

အခက်အခဲ တစ်ခုခု ကြုံလာတဲ့အခါမှာ သူတတ်နိုင်သလောက် ကူညီတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ရှိမှာပါ။ ထိုသူတွေဟာ သင့်ဘဝအတွက် လက်မလွှတ် သင့်တဲ့ သူများထဲမှာ ပါဝင်ပါတယ်။

ဝမ်းနည်းတဲ့ အခါမှာ အားပေးတတ်တဲ့ သူမျိုး

တစ်ခါတစ်ရံ လူတိုင်း လူတိုင်းမှာ စိတ်အားငယ်စရာ ဝမ်းနည်းစရာလေးတွေ ရှိရင် အနားမှာ အားပေးတတ်တဲ့ သူမျိုးတွေလည်း ရှိပါတယ်။ ဒီလူတွေကို ဘယ်တော့မှ မမေ့ပစ်လိုက်ပါနဲ့။

မကောင်းတဲ့ အရာများကို အမုန်းခံပြီး တားတဲ့သူမျိုး

မိမိ၏ မိတ်ဆွေ သူငယ်ချင်းဟာ မကောင်းတဲ့ အရာတွေကို မလုပ်ဖို့ အတွက် အမုန်းခံပြီး တားဆီးတာတွေ ကြုံဖူးမှာပါ။ ထိုသူတွေကို သင့်အနေဖြင့် ကျေးဇူးတင်ပါ။ ထိုသူတွေဟာ ဘယ်တော့မှ လက်မလွှတ်သင့်တဲ့ သူများထဲမှာ ပါဝင်ပါတယ်။

ခဏခဏ ဝေဖန်တတ်တဲ့သူမျိုး

မိမိနဲ့ ပက်သက်ပြီး ကောင်းတာ ဖြစ်စေ မကောင်းတာ ဖြစ်စေ ခဏခဏ ဝေဖန်ပြတတ်တဲ့ သူမျိုးတွေ ဘေးမှာရှိရင် ကောင်းပါတယ်။ ထိုဝေဖန်မူတွေကြောင့် မိမိရဲ့ အမှားများကို ပြင်ဆင်နိုင်ပြီး အမှန်တရားများကို တွေ့စေနိုင်ပါတယ်။

အောင်မြင်ချိန် ချီးမြှောက်ပြီး ကျရှုံးချိန် အားပေတဲ့ သူမျိုး

မိမိအောင်မြင်တဲ့ အခါမှာ မိမိရဲ့အောင်မြင်မူကို ချီးမြှောက်တတ်၍ ကျရှုံးမူတွေ ကြုံတဲ့အခါမှာ အားပေးတဲ့ သူတွေကို ဘယ်တော့မှ လက်မလွှတ်လိုက်ပါနဲ့။ တစ်ခါတစ်လေ ဒီလိုသူမျိုးတွေဟာ မိမိဘဝကို အမြင့်သို့ရောက်အောင် ပို့ဆောင်ပေးပါတယ်။

ပြောမနာ ဆိုမနာတတ်တဲ့ သူမျိုး

မိမိဘာပြောပြော မနာတတ်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို ခင်တွယ်ပါ။ စိတ်မဆိုး စိတ်မကောက် မိမိအပေါ် သည်းခံတတ်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေဟာ ယခုမှာ ရှားပါးလွန်းလို့ လွှတ်မသင့်တဲ့ သူမျိုးတွေပါ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top