မိုဘိုင်းဖုန်းဟာ ကင်ဆာမဖြစ်စေကြောင်း သက်သေပြသခဲ့

01up-study-articleLarge.jpg

နယူးယောက်တိုင်း သတင်းစာမှ နည်းပညာ စာရေးဆရာ တစ်ဦးရဲ့ ရေးသားဖော်ပြချက်ရ မိုဘိုင်းဖုန်း အသုံးပြုခြင်းဟာ ကင်ဆာရောဂါနဲ့ လုံးဝ မဆက်ဆက်ကြောင်း မဖြစ်စေကြောင်း ဆိုထားပါတယ်။ ယင်းအတွက် လေ့လာစမ်းသပ်မှုကိုလည်း ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ပြုလုပ်ဖို့ အတွက် ကြွက်မျာကို စမ်းသပ် အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ်။ ကြွက်များကို အပတ်ပေါင်း များစွာ တစ်ရက်ကို ၉ နာရီကြာ နေ့စဉ်မပျက် ဖုန်း ရေဒီယေးရှင်းလိုင်း လွင့်ပါတယ်။ လူတို့ စမတ်ဖုန်းပြောတဲ့အခါ လက်ခံရရှိတဲ့ ရေဒီယေးရှင်း ပြင်းအားအတိုင်းလွင့်ခြင်း ဖြစ်ပါတယ်။ လွင့်တဲ့အခါ CDMA ရော GSM ပါ လွင့်ပါတယ်။ ပိုပြီးတော့ သေချာအောင်လို့ပါ။ အစမ်းသပ်ခံထဲမှာ ကိုယ်ဝန်ဆောင်နေတဲ့ ကြွက်မများလည်း ပါဝင်ပါတယ်။ စမ်းသပ်ပြီးတော့ ကလေးမွေးဖွားလာတဲ့ ကြွက် အမေနဲ့ ကြွက်ကလေးများကို စမ်းသပ်စစ်ဆေးပါတယ်။ ကင်ဆာနဲ့ ပက်သက်တဲ့ အကြိတ်များ ထွက်လိုထွက်ငြားပေါ့။ အကြိတ် Tumor ထွက်နိုင်ချေ ရာခိုင်နှုန်း ဘယ်လောက်ရှိတယ် ဆိုတာကအစ သေချာ စစ်ဆေး လေ့လာခဲ့ခြင်း ဖြစ်ပါတယ်။ ယင်းသို့ စစ်တဲ့အခါ ရေဒီယေးရှင်း မမိခင်က ရှိနေတဲ့ ကျန်းမာရေး အခြေနေ တိုင်းသာ ရှိနေတာကို တွေ့ရ ပါတယ်။ မိုဘိုင်းဖုန်းရဲ့ သာမန် ရေဒီယေးရှင်းလောက်ကို တစ်ရက် ၉ နာရီ မိစေတာတောင် ဘာမှ မဖြစ်ကြောင်း ဆိုပါတယ်။

ပြီးခဲ့တဲ့ တစ်လောက တစ်ရက်ကို ဖုန်း ၉ နာရီပြောလို့ ဦးနှောက်ကင်ဆာ ဖြစ်ပြီးတော့ သေရပါတယ်လို့ သတင်းကျော်သွားတဲ့ ပုဂ္ဂိုလ်ကြောင်း သတင်းမီဒီယာများက ဖော်ပြ ပါတယ်။ တကယ်တန်းကျတော့ အဲ့ဒီအချက်နဲ့ ပက်သက်လို့ ဘယ် ကျန်းမာရေး အဖွဲ့အစည်း၊ ကင်ဆာဖောင်ဒေးရှင်းကမှ တိကျတဲ့ အဖြေကို မထုတ်သေးပါဘူး။ မီဒီယများလည်း တစ်ဖက်စောင်းနင်းဖော်ပြမှုကြောင့်သာ လူအများကို အထင်မြင်မှားစေကြောင်း ဆိုပါတယ်။ ရိုးရာလေး အနေဖြင့်လည်း နိုင်ငံတကာမှ ဖော်ပြတဲ့ ဖုန်းနဲ့ ဆက်စပ် ကင်ဆာဖြစ်တဲ့ သတင်းမာ်းကို ဘာသာပြန် ရေးသားဖော်ပြခဲ့ဖူးပါတယ်။ ယခု ထွက်ဆိုချက်အရ ဆိုရင် မိုဘိုင်းဖုန်းဟာ ကင်ဆာနဲ့ လုံးဝ ဆက်စပ်မှု မရှိကြောင်း သိရပါတယ်။

အသေးစိတ်ကို http://www.nytimes.com/2016/06/02/upshot/why-its-not-time-to-panic-about-cellphones-and-cancer.html?smid=fb-nytwell&smtyp=cur&_r=0 မှာ ဖတ်ရှုနိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top