ရှနိုက်ဒါလင် ကို ပေါင်(၂၅)သန်းနဲ့ မန်ယူ ခေါ်လိုက်ပြီ

yyl-027.jpg

ဆောက်သမ်တန်အသင်းရဲ့ ပြင်သစ် ကွင်းလယ်လူ ရှနိုက်ဒါလင်ကို ပေါင် ၂၅သန်းနဲ့ (၄)နှစ် စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီလို့ မန်ယူက အတည်ပြုပါတယ်။

ယခု အပြောင်းအရွှေ့ ကာလမှာ ဒီပေး၊ ဒါမီယန်၊ ရှဝိန်းစတိုင်ဂါတို့ကို ခေါ်ယူခဲ့ပြီးတဲ့ မန်ယူအတွက် ရှနိုက်ဒါလင်က လေးဦးမြောက် ကစားသမားသစ် ဖြစ်လာပါတယ်။ 

ရှနိုက်ဒါလင်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဆောက်သမ်တန်အတွက် ပွဲစဉ်(၂၆)ပွဲ ကစားရာမှာ (၄)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ရှနိုက်ဒါလင်နဲ့ မန်ယူတို့ ချုပ်ဆိုထားတဲ့ စာချုပ်အရ လေးနှစ်သက်တမ်း ပြည့်သွားတဲ့အချိန်မှာ ကစားသမားရဲ့ခြေစွမ်းကို သဘောကျသေးရင် တစ်နှစ်သက်တမ်း တိုးမယ်ဆိုတဲ့ အချက် ပါဝင်ပါတယ်။ 

သတင်းဓာတ်ပုံကို Manchester United ဖေ့ဘွတ်စာမျက်နှာမှ ကူးယူဖော်ပြထားပါသည်။ 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top