ဝက်ဝံငယ် ခေါ် ဧရာမ ကြွက်မျိုး

yyl-017.jpg

ဝက်ဝံငယ် (Wombat)  လို့ ခေါ်တဲ့ သတ္တဝါများဟာ အမှန်တကယ်တော့ ကြွက်မျိုးနွယ်ကနေ ပေါက်ဖွားတဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။

ဩစတေးလျနိုင်ငံ အရှေ့တောင်ဘက်အခြမ်းမှာ နေထိုင်ကျက်စားပြီး လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက ရှိတာ ဖြစ်ပါတယ်။

ကြွက်ကဲ့သို့ ခန္ဓာကိုယ်ပုံစံ ရှိပြီး ရှေ့သွားနှစ်ချောင်းပေါက်နေပုံကလည်း မြေကြွက်နဲ့ တူပါတယ်။ လက်မှာ ချွန်ထက်တဲ့ လက်သည်းလည်း ပါဝင်ပါတယ်။ တစ်နာရီ ၂၅ မိုင်နှုန်းအထိ ပြေးနိုင်ပါတယ်။ သုံးပေကျော်အထိ ရှည်နိုင်ပြီး ပေါင်ချိန် ၇၇ အထိ ရှိနိုင်ပါတယ်။ အစားအသောက် အနေနဲ့ သစ်သီး၊ သစ်ဥ၊ သစ်ဖု၊ အရွက် များကို စားသုံးပြီး နေထိုင်ပါတယ်။ အစုလိုက် အဖွဲ့လိုက် နေထိုင်တတ်ပါတယ်။ လူကို အန္တရာယ်မပြုတတ်ပေမယ့် ရန်ဖန်ရန်ခါ လက်သည်းနဲ့ ထိခိုက် နိုင်တာကြောင့် အိမ်မွေးတိရစ္ဆာန် အဖြစ် သတ်မှတ်မထားပါဘူး။ ဩစတေးလျမှာသာ ရှိတော့တဲ့ ရှားပါး မျိုးနွယ် သတ္တဝါတစ်မျိုးလည်း ဖြစ်ပါတယ်။

Wombat ရဲ့ ပုံရိပ်ကို ဩစတေးလျမှာ တံဆိပ်ခေါင်းအဖြစ် အသုံးပြုခြင်း အပြင် အခြားသော အမှတ်အသား လက္ခဏာ အချိုွ႕တွေမှာလည်း အသုံးပြုပါတယ်။

Ref: wiki
ဇီးကွက် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top