ကမ္ဘာ့အလှူအတန်း အရက်ရောဆုံး အားကစားသမား ရော်နယ်ဒို

yyl-011.jpg

ရော်နယ်ဒိုဟာ ယူရို-၂၀၁၆ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်း ချန်ပီယံဆု ဆွတ်ခူးခဲ့လို့ ရရှိခဲ့တဲ့ ဆုကြေးငွေအားလုံးကို ကင်ဆာရောဂါသည် ကလေးငယ်တွေအတွက် ထူထောင်ထားတဲ့ Kids Cancer Foundation ထံ လှူဒါန်းခဲ့ပါတယ်။

ရော်နယ်ဒိုက သူရခဲ့တဲ့ ဆုကြေးငွေ ပေါင် ၂၇၅၀၀၉ ကို လှူဒါန်းခဲ့တာပါ။ ရော်နယ်ဒိုဟာ နီပေါနိုင်ငံမှာ လူ ၈၀၀၀ ကျော် သေဆုံးခဲ့တဲ့ ငလျင်လှုပ်ခတ်တုန်းက မဆိုင်းမတွဘဲ ပေါင်(၅)သန်းလှူခဲ့သလို ပြီးခဲ့တဲ့နှစ်တုန်းက ရီးရဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ရခဲ့လို့ သူရရှိခဲ့တဲ့ ဆုကြေးငွေ ပေါင် ၄၅၆၀၀၀ လုံးကို ကုလသမဂ္ဂရဲ့ ပရဟိတအဖွဲ့အစည်းထံ လှူဒါန်းခဲ့ပါသေးတယ်။ ရော်နယ်ဒိုဟာ ကမ္ဘာ့အလှူအတန်းအရက်ရောဆုံး အားကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာတစ်ဝန်းက ပရဟိတ အဖွဲ့အစည်းတွေထံ သူ လှူဒါန်းခဲ့တဲ့ ငွေပမာဏက ပေါင် ၁၀ သန်းကျော်ရှိတယ်လို့ သိရပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top