ကလေးတွေ ကိုယ်ပေါ်မှာ လုံးဝမသုံးသင့်သော ထုတ်ကုန် (၅) မျိုး

newborn-baby-massage-P7H5BCW.jpg

ကလေးပစ္စည်း ကြော်ငြာတွေ တစ်ခုပြီးတစ်ခု ပေါ်လာပေမယ့် ဘယ်တံဆိပ်က အကောင်းဆုံးလည်းဆိုတာ သေချာ အချိန်ပေး ဝယ်ကြတာက ရှားပါတယ်။ ဘေဘီလေးတွေရဲ့ နူးညံ့တဲ့ အသားပေါ်မှာ စိတ်ချလက်ချ သုံးလို့ရတဲ့ ပစ္စည်းမျိုးကို ရွေးဝယ်ရမှာက ဖေဖေ၊ မေမေ တို့ရဲက တာဝန်ပါ။

ဒါဆို ဘယ်လိုပစ္စည်းတွေကို သတိထားပြီး ဝယ်သင့်လည်း ပြောပြပေးပါမယ်။

အနံ့ပြင်းတဲ့ ရေချိုးဆပ်ပြာရည်

ရေချိုးချိန်မှာ အခန့်မသင့်ရင် ဘေဘီလေးတွေရဲ့ နူးညံ့တဲ့အသားကို ထိခိုက်စေနိုင်ပါတယ်။ ကလေးတွေက ညစ်ပတ်တာ သိပ်မရှိတဲ့အတွက် ရေချိုးတဲ့အခါ သန့်ရှင်းရေးကို မြန်မြန် လုပ်ပေးသင့်ပါတယ်။ အနံ့ပြင်းတဲ့ ရေချိုးဆပ်ပြာရည်တွေမှာ ထပ်ပေါင်းထည့်ထားတဲ့ ပစ္စည်းတွေက အရေပြားယားယံတာကို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ရေမွှေးနဲ့ အရောင်ပါဝင်တဲ့ ရေချိုးဆပ်ပြာရည်တွေကို မသုံးသင့်ပါဘူး။

ကလေးပေါင်ဒါ

ကလေးတွေကို diaper အပူမိပြီး အဖုအပိမ့်တွေ ထွက်မှာစိုးတာကြောင့် ကလေးပေါင်ဒါနဲ့ အခြားပေါင်ဒါတွေ လိမ်းပေးတတ်ကြပါတယ်။ ပေါင်ဒါ အမှုန်လေးတွေက ကလေးရဲ့ အဆုတ်ကို ကလိကလိဖြစ်စေပြီး အသက်ရှူလမ်းကြောင်း ပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် diaper ဝတ်ပေးတဲ့အခါ ကလေးပေါင်ဒါ မလိမ်းပေးဖြစ်အောင် ရှောင်ပါ။

ရေချိုးဆပ်ပြာအမြှုပ်

တီဗွီကြော်ငြာထဲကလို ရေချိုးဇလုံထဲမှာ အမြှုပ်တွေတစီစီနဲ့ ရေချိုးပေးရင် ကလေးက ပျော်မြူးနေမယ်လို့ ထင်မိကြမှာပါ။ ရေချိုးပေးတဲ့အခါ ပျော်မြူးနေလို့ အဆင်ပြေတယ်ထင်ရပေမဲ့ ကလေးရဲ့ အရေပြားက နူးညံ့ပြီး အထိမခံ ကြွေပန်းကန်ဆိုတာကိုတော့ သိထားရပါမယ်။ ဒီအမြှုပ်တွေက ကလေးအရေပြားကို ခြောက်သွေ့ ယားယံစေပါတယ်။ မွေးကင်းစကလေးတွေကို ရေချိုးပေးတဲ့အခါ ဆပ်ပြာ အများကြီး သုံးစရာ မလိုပါဘူး။ဆပ်ပြာလေး မဆိုစလောက်ကို ရေများများနဲ့ ချိုးပေးလိုက်တာက အကောင်းဆုံးပါပဲ။

လူကြီးသုံးအလှကုန်

ပစ္စည်းလူကြီးသုံး moisturizer မှာ ရေမွှေးနံ့နဲ့ သင်းရနံ့တွေ ထပ်ပေါင်းထည့်ထားတဲ့အတွက် ဒါကို ကလေးကိုယ်ပေါ်မှာ အသုံးမပြုသင့်ပါဘူး။ အလှကုန် ခရင်မ်တွေက မွေးကင်းစကလေးအတွက်ဆို ယားယံခြင်း ဖြစ်စေပါတယ်။ ဒါကြောင့် ကလေးသီးသန့် ဖော်မြူလာထုတ်ထားတဲ့ ပစ္စည်းတွေပဲ ရှာဝယ်သင့်ပါတယ်။

လိမ်းဆေး

လိမ်းဆေးတွေက အခန့်မသင့်ရင် ကလေးတွေနဲ့ ဓာတ်မတည့်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လိမ်းဆေးဝယ်တဲ့အခါ သက်ဆိုင်ရာ ဆရာဝန်ရဲ့ ထောက်ခံချက် ရထားတဲ့ လိမ်းဆေးကိုသာ အသုံးပြုသင့်ပါတယ်။

ဘေဘီလေးတို့ရဲ့ နူးညံ့တဲ့ အသားအရည်လေး မထိခိုက်စေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ပေးသင့်တဲ့အကြောင်း တိုက်တွန်းလိုက်ပါရစေနော်။

Ref: Reader’s digest “Products you should never used on a baby”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top