ကျောက်တော်မြို့နယ်(ရခိုင်)မှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေသူ (၉၀၀၀) ကျော်ကို UNHCR က Covid-19 ကာကွယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေး

192344620_1996802073827915_5986900838035563643_n.jpg

ရန်ကုန်၊ ဇူလိုင် (၂၈)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း နေရပ်စွန့်ခွာ တိမ်းရှောင်နေသူ (၉၀၀၀) ကျော်ကို UNHCR က Covid-19 ကြိုတင်ကာကွယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

“ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်ပါတယ်။ ကျွန်ုပ်တို့က အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ လူမှုအသိုင်းအဝိုင်းက လူတွေကို Covid-19 ကြိုတင်ကာကွယ်ရေး အသိပညာ တိုးမြှင့်စေရေးနဲ့ တစ်ကိုယ်ရေသုံး အကာအကွယ်ပစ္စည်းကိရိယာတွေ (PPE)၊ တစ်ကိုယ်ရေ သန့်ရှင်းရေး ပစ္စည်းတွေ ဖြန့်ဝေရေးတွေကို မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ အတူလုပ်ဆောင်နေတာပါ” လို့ UNHCR တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကျောက်တော်မြို့နယ်အတွင်းက နေရာ (၁၅) ခုမှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေသူ အိမ်ထောင်စုပေါင်း (၂၃၉၀) စု၊ လူဦးရေစုစုပေါင်း (၉၇၃၃) ဦး ကို Covid-19 ကြိုတင်ကာကွယ်ရေးပစ္စည်းတွေဖြစ်တဲ့ အဝတ်နဲ့ ပြုလုပ်ထားတဲ့ နှာခေါင်းစည်း (၁၀၀၀၀) ခု၊ ဆပ်ပြာတုံး (၂၉၃၂၅) တုံးစတဲ့ ပစ္စည်းတွေကို ပြီးခဲ့တဲ့အပတ်က ကူညီထောက်ပံ့ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ပြင် UNHCR၊ UNICEF၊ UNFPA နဲ့ UNDP တို့ပူးပေါင်းပြီး ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ်က အိမ်ထောင်စုပေါင်း (၂၈၀၀) နီးပါးကိုလည်း တစ်ကိုယ်ရေသုံး အကာအကွယ် ပစ္စည်းကိရိယာတွေ (PPE)၊ နှာခေါင်းစည်း၊ ဆပ်ပြာနဲ့ အခြားသန့်ရှင်းရေးသုံးပစ္စည်းတွေ ထောက်ပံ့ပေးခဲ့ပါသေးတယ်။

Photo- UNHCR
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top