ကွင်းထဲမှာ အသံ ကျယ်ကျယ် လေလည် တဲ့ ဘောလုံးသမား နှစ်ဝါ၊ တစ်နီနဲ့ ထုတ်ခံရ

football.gif

ကွင်းထဲမှာ အသံကျယ်ကျယ် လေလည် မိတဲ့ ဘောလုံးသမား တစ်ဦးဟာ နှစ်ဝါ တစ်နီနဲ့ ထုတ်ခံခဲ့ရပါတယ်။

အဝါကတ် တစ်ကတ်ထိထားတဲ့ အဒမ်ဟာ အသံကျယ်ကျယ် လေလည်ပြီးတဲ့နောက် ဒုတိယအဝါကတ် ပြခံရပြီး နှစ်ဝါ တစ်နီနဲ့ ထုတ်ခံခဲ့ရတာပါ။

“ကျွန်တော် ဗိုက်မကောင်းလို့ လေလည်ခဲ့တာပါ။ လေလည်ပြီးတော့ အဝါကတ်ပြခံရပြီး ဒိုင်က အနီကတ် ထပ်ပြခဲ့တာပါ။ ဘောလုံးကွင်းထဲ ကြုံဖူးသမျှ အရာတွေထဲမှာ ဒီအဖြစ်အပျက်က အထူးဆန်းဆုံးပါပဲ။ ကွင်းထဲမှာ လေလည်လို့ မရဘူးလားလို့ ဒိုင်လူကြီးကိုမေးတော့ မရဘူးလို့ သူ ပြန်ပြောပါတယ်။ ကျွန်တော်က လက်ထဲ လေလည်ထည့်ပြီး အဲ့ဒီလေကို သူ့ဆီပစ်လိုက်တယ် ထင်နေတာလား မသိဘူး”လို့ အဒမ်က ပြောပါတယ်။

ကွင်းလယ်ဒိုင်ကတော့ အဒမ်ဟာ ပြိုင်ဘက်ကစားသမားတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အားကစားသမား မပီသတဲ့လုပ်ရပ်ကြောင့် အဝါကတ်ပြခဲ့တာလို့ တုံ့ပြန်ထားပါတယ်။ ဆွီဒင်နိုင်ငံ နဝမတန်းပွဲစဉ် တစ်ပွဲရဲ့ ပွဲချိန်နှောင်းပိုင်းမှာ အခုလိုဖြစ်ခဲ့တာပါ။ ပြိုင်ဘက်အသင်း တိုက်စစ်မှူ းက သူဟာ အဒမ်နဲ့ တော်တော်ဝေးဝေးမှာ ရှိနေပေမယ့် လေလည်တဲ့အသံကို ကြားလိုက်ရတယ်လို့ ဆိုပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top