ချမ်းမြသာစည်(မန္တလေး)လေဆိပ်ဟောင်းကို ကုတင် (၂၀၀) ကျော်ဆံ့တဲ့ ကိုဗစ်ကုသရေးစင်တာအဖြစ် ဒီနေ့မှာစတင်ဖွင့်လှစ်

224755915_4108679605917599_3708690763806111114_n.jpg

ရန်ကုန်၊ ဇူလိုင် (၂၆)

မန္တလေးမြို့၊ ချမ်းမြသာစည်လေဆိပ်ဟောင်းကို ကုတင် (၂၀၄) လုံးဆံ့တဲ့ ချမ်းမြသာစည်ကိုဗစ်ကုသရေးစင်တာအဖြစ် ဒီနေ့မှာ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ရန်ပုံငွေ ရှာဖွေရေး ကော်မတီဆီက သိရပါတယ်။

တစ်နေ့ကို Mild & Moderate Cases လူနာ (၃၀) နှုန်း နေ့စဉ်လက်ခံသွားမှာဖြစ်ပြီး ကိုဗစ်လူနာတက်ရောက် ကုသရေးအပိုင်းတွေကို သက်ဆိုင်ရာ တိုင်းကျန်းမာရေးက စီမံခန့်ခွဲမှာဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ရန်ပုံငွေ ရှာဖွေရေး ကော်မတီ အနေနဲ့ ကိုဗစ်စင်တာရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေး၊ နေ့စဉ်လိုအပ်တဲ့ အောက်စီဂျင်၊ လူနာ၊ ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်းတွေအတွက် နေ့စဉ် အစားအသောက်၊ အဟာရနဲ့ ဝန်ထမ်း အယောက် (၅၀) ရဲ့ နေ့စဉ် စားဝတ်နေရေး ကိစ္စတွေကို တာဝန်ယူလှူဒါန်းသွားမှာဖြစ်ပါတယ်။

ချမ်းမြသာစည်ကိုဗစ်ကုသရေးစင်တာကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းတာဖြစ်တယ်လို့ သိရပါတယ်။

Photo- ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ရန်ပုံငွေ ရှာဖွေရေး ကော်မတီ

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top