ဂုဏ်ထူးရ အကျဉ်းကျခံ ကျောင်းသား ကျောင်းသူအချို့ နိုင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရရှိ

27-7-2020-yyl-029.jpg

နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်သော သတင်းတွေအရ အင်းစိန်အကျဉ်းထောင်နှင့် မန္တလေး အကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရသော အကျဉ်းသား ကျောင်းသား ကျောင်းသူ ၇ ဦးဟာ ဩဂုတ်လ ၇ရက်နေ့ နံနက်ပိုင်း မှာ နိုင်ငံတော် သမ္မတ ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သိရပါတယ်။     

ရန်ကုန် အင်းစိန်အကျဉ်းထောင်နဲ့ မန္တလေးမြို့အိုးဘိုအကျဉ်းထောင်မှ တက္ကသိုလ်ဝင်စာမေးပွဲကိုထူးချွန်စွာအောင်မြင်ခဲ့သော ဂုဏ်ထူးရကျောင်းသားကျောင်းသူအချို့ကို ပညာဆက်လက် သင်ကြားနိုင်ရေးအတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာပါ။  

ပြန်လည်လွတ်မြောက်လာတဲ့ ကျောင်သား ကျောင်းသူတွေကတော့ မန္တလေးအကျဉ်းထောင်မှ ရွှန်းလဲ့ဝေကျော်၊ ဟိန်းထက်အောင်၊ လှိုင်မင်းဦး၊ ထွဋ်ခေါင်မျိုးဝင်း၊ အောင်ချမ်းမင်း တို့ဖြစ်ပြီး အင်းစိန်အကျဉ်းထောင်မှ ရဲထွဋ်အောင်၊ သင်းနိုင်ဖြိုး တို့ဖြစ်တယ်လို့ သိရပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့် ကျောင်းသားကျောင်းသူတွေကတော့ ဂုဏ်ထူးရကျောင်းသား ကျောင်းသူတွေပဲ ဖြစ်ပြီး ရိုးရိုးအောင်မြင်တဲ့ အကျဉ်းကျခံကျောင်းသားတွေအတွက်လည်း  ပညာဆက်လက်သင်ကြားခွင့်ရဖို့ ဆက်လက်လုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။

Ref: Myanmar President Office facebook page

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top