စကားလုံးလှလှလေးများ နောက်ကွယ်ကသရုပ်မှန်

zen-balanced-stones-stack-HZC5MRE.jpg

ကိုယ်ချင်းစာမှု။ ။ မိမိမတွေ့ကြုံ၊ မခံစားလိုသော နာကြင်မှု၊ စိတ်ဆင်းရဲမှုမျိုးကို တခြားသူ အပေါ်မှာလဲ မဖြစ်စေလို၊ မခံစား စေလိုခြင်း။

တာဝန်ယူမှု။ ။ မိမိပယောဂ မကင်းဘဲ တဖက်သား ထိခိုက်နစ်နာမှု မရှိအောင် ရှောင်ကြဉ်ခြင်း။ နစ်နာမှုဖြစ်လာလျင်လည်း မိမိတတ်နိုင်သလောက် အကောင်းဆုံး ပြန်လည်ဖြည့်စည်းပေးခြင်း။

မေတ္တာတရား။ ။ မိမိအပေါ် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ထိုသူတို့အပေါ် ချမ်းသာသုခတို့သာ ဖြစ်ပေါ်စေလိုခြင်း။

ဥပေက္ခာ။ ။ တပါးသား၏ အပြုအမူများ၊ သုခ/ဒုက္ခ မှန်သမျှကို မသိကျိုးကျွံ လစ်လျူရှုလိုက်ခြင်း။

ဒေါသ။ ။ မိမိနှင့်သဟဇာတ မဖြစ်သော အကြောင်းတရားတို့ ပေါ်လာတိုင်း အသိဉာဏ် ဆင်ခြင်တုံတရားမှ လွတ်မြောက်၍ ကြမ်းတမ်းခက်ထန်လာခြင်း။

လောဘ။ ။ လိုအပ်သည်ထက် ပိုမိုပိုင်ဆိုင်လိုခြင်း။

အာဃာတ။ ။ မိမိကို စိတ်/ရုပ် ပိုင်းဆိုင်ရာ တစ်ခုခုအပေါ် နစ်နာစေသူအား အတေးအမှတ်ကြီးစွာ လက်တုံ့ပြန်လိုခြင်း။

*** ကောက်ကျစ်စဉ်းလဲမှု၏ မူလဇစ်မြစ်သည် လောဘ သို့မဟုတ် အာဃာတ ပင်ဖြစ်သည်။

အထက်ပါ အကြောင်းအရာများသည် စာရေးသူ၏ မှတ်သားမိသည်များမှ ကောင်းနိုးရာရာများကို ပြန်လည်ကောက်နှုတ်ထားခြင်းသာ ဖြစ်၍ လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါသည်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top