စတာလင်ကို ပေါင် ၄၉သန်းနဲ့ ခေါ်ဖို့ မန်စီးတီး သဘောတူညီမှုရ

yyl-028.jpg

မန်စီးတီးဟာ လီဗာပူး တောင်ပံ ကစားသမား စတာလင်ကို ပေါင် ၄၉သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။

စတာလင်က လီဗာပူးရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုတွေကို ငြင်းဆန်ခဲ့တဲ့နောက် မန်စီးတီးက သူ့ကို ခေါ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇွန်လအတွင်း စတာလင် အတွက် မန်စီးတီးရဲ့ ကမ်းလှမ်းမှု နှစ်ကြိမ်ကို လီဗာပူးက ပယ်ချခဲ့ပါတယ်။

စတာလင်ဟာ လီဗာပူးရဲ့ ရာသီကြို ခြေစမ်းပွဲ ကစားမယ့် လူစာရင်းမှာ ပါဝင်ပေမယ့် မန်စီးတီးနဲ့ လီဗာပူးတို့ကြား ပြောင်းရွှေ့ကြေးဆိုင်ရာ သဘောတူညီခဲ့ပြီးနောက် အင်္ဂလန်ကို ပြန်လာကာ မန်စီးတီးမှာ ဆေးစစ်မှုခံယူပြီး စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ ပေါင် ၄၉သန်းနဲ့ အသင်းပြောင်းမယ့် စတာလင်ဟာ အင်္ဂလန် ကစားသမားတွေထဲမှာ တန်ကြေး အမြင့်ဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်မှာ ဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top