စားမြိန်ဖွယ်ရာ ဗီယက်နမ်ဟင်းလျာများ

01.jpg

ဟနွိုင်းမြို့ကို သွားဖို့ အကြောင်းဖန်လာကတည်းက စားသောက်ဆိုင် ကောင်းကောင်းတွေကို အင်တာနက်ကနေ ရှာထားဖြစ်ခဲ့တယ်။

မြောက်များလှစွာသော စားသောက်ဆိုင်တွေထဲကမှ NGON Villa ဆိုင်ကို သွားစားဖို့ စိတ်အားထက်သန်မိတာကတော့ အမှန်ပါပဲ။ ချမ်းမြေ့သွားခဲ့တဲ့ ခရီးစဉ်က ၅ညအိပ် ၆ရက် ကြာမြင့်တဲ့ ဟနွိုင်း-နင့်ဘင်း-ဟလောင်း ခရီးစဉ်ပါ။ ၆ရက်မြောက်နေ့ရဲ့ နေ့လည်စာကို NGON Villa မှာ ကျွေးမွေးဧည့်ခံပါတယ်။ အွန်လိုင်းမှာ ဖတ်ခဲ့ရတဲ့အတိုင်း အစားအသောက်တွေက အရသာရှိလှတဲ့အတွက် စာဖတ်သူတို့အတွက် ဓာတ်ပုံအချို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဟင်းလျာတွေကို ကြယ်တစ်ပွင့်၊ ကြယ်နှစ်ပွင့်၊ ကြယ်သုံးပွင့်ဆိုပြီး set သုံးမျိုးခွဲထားပါတယ်။ ကြယ်တစ်ပွင့်အဆင့်ဟင်းလျာမှာတောင် ဟင်းအမည်ပေါင်း သုံးဆယ်ထက်မနည်း ပါဝင်ပြီး စားသုံးသူက မိမိစိတ်ကြိုက်ဟင်းလျာတွေကို ကြိုက်သလောက် မှာယူခွင့်ရှိပါတယ်။ ကြယ်တစ်ပွင့် menu အတွက် တစ်ဦးကို မြန်မာကျပ်ငွေနဲ့တွက်ရင် တစ်သောင်းသုံးထောင်စွန်းစွန်းလောက်ပဲ ကျတာဆိုတော့ သက်သာတယ်လို့ ပြောနိုင်ပါတယ်။ ယခု ခရီးစဉ်ကို ဇူလိုင် ၂၀၁၆က ကြယ်လေးပွင့်အဆင့် သတ်မှတ်ခံရတဲ့ #VietnamAirlines လေကြောင်းလိုင်းက စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။

Sponsored by: #VietnamAirlines

ချမ်းမြေ့ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top