စိတ်ကူးထဲက ဘဝ သို့သော် လက်တွေ့နဲ့တော့ တစ်ခြားစီ

imagination-PRUT6GE.jpg

ဖြစ်ချင်တာတွေက ဖြစ်မလာသေး

စိတ်ကူးထဲက ဘဝကတော့ နှင်းဆီပန်းခင်းကြီးတွေ ဝေဆာနေပေမယ့် လက်တွေ့ကတော့ အဲလိုမဟုတ်။ ဘဝက ငြီးငွေ့စရာတွေ အတော်များနေ ပါလိမ့်မယ်။ ဘဝမှာ ဖြစ်ချင်တာတွေ ဖြစ်မလာသေးတော့ ရုန်းကန်လိုက်ပါအုံး။

ပန်းတိုင်ကို ရောင်အောင်သွား

စိတ်ကူးထဲမှာ ဖြစ်ချင်တဲ့ ဘဝကို အပြင်လက်တွေ့မှာ အရောက်သွားနိုင်ဖို့က အရေးကြီးပါတယ်။ ဒါကြောင့် ပန်းတိုင်ကို ရောက်အောင်သွားဖို့ မမေ့နဲ့။

ရိုးသားပါ ကြိုးစားပါ အလွယ်လမ်းကို မကြိုက်နဲ့

စိတ်ကူးထဲက ဘဝကို ရောင်အောင် သွားဖို့အတွက် ရိုးသား၊ ကြိုးစား ပြီး လတ်တလောကို မကြည့်ဘဲ ရေရှည်ကို မြင်ပါ။ ဒါမှသာ မိမိဘဝ အဆုံးသတ်အထိ ကောင်းမွန်ပါလိမ့်မယ်။

တန်ဖိုးရှိတဲ့ အရာတိုင်း ခက်တယ်

ဘဝမှာ လွယ်လွယ်နဲ့ ရတာတွေ မှန်သမျှဟာ တန်ဖိုးမရှိဘူးလို့ မပြောလို ပေမယ့် တန်ဖိုးရှိတာတွေ ရဖို့ကတော့ ခက်ခဲပါတယ်။ ဒါကြောင့် ဆန္ဒတွေပြည့်ဖို့ ရုန်းကန်ရမှာပေါ့။

ဘယ်နေ့ သေမလဲ ဆိုတာ မသိ

လူတစ်ယောက် မွေးဖွားလာပြီ ဆိုရင် သေဖို့ပဲ ကျန်တော့တယ်။ ဒါက သေချာတယ်။ စိတ်ကူးထဲက ဘဝကို ရောက်အောင်သွားဖို့ အတွက် မမှန်မကန် မလုပ်စေချင်ဘူး။ အသက် ရှင်နေတဲ့ ကာလလေးမှာ မှန်ကန်မှုတွေ ရှိစေပါ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top