ဇနီးသည် စိတ်မပျက်အောင် ဒီအချက်တွေကို ရှောင်

drunk-man-sleeping-on-a-pub-counter-PZB7S5Y.jpg

နေ့တိုင်းမူးနေတာ

ဇနီးသည်က မိမိကိုယ် အရက်သေစာ သောက်ဖို့ မတားမြစ်ဘူး ဆိုရင် သောက်ပါ။ သို့သော် နေ့တိုင်းမူးနေတဲ့ ယောင်္ကျား ကိုတော့ ဇနီးသည်က တစ်နေ့နေ့ စိတ်ပျက်မိပါလိမ့်မယ်။

ဖောက်ပြန်တဲ့ ခင်ပွန်း

ဇနီးသည် အပေါ် သစ္စာမရှိဘဲ ဖောက်ပြန်တဲ့ ယောင်္ကျားကို ဇနီးသည် တစ်ယောက်အဖို့ စိတ်ပျက်မိပါလိမ့်မယ်။ ဒါကြောင့် ဇနီးသည် စိတ်မပျက်အောင် မဖောက်ပြန်မိပါစေနဲ့။

ရှာသမျှ ငွေတွေကို မအပ်တာ

ခင်ပွန်း ဖြစ်ပြီး ရှာသမျှငွေကို မအပ်ဘဲ မိမိဘာသာ သုံးစွဲဖြစ်တယ်ဆိုရင် မကောင်းပါဘူး။ မိမိဟာ အိမ်ထောင် တစ်ခုအတွက် အရေးအကြီးဆုံးနဲ့ တာဝန် အရှိဆုံးသူ ဖြစ်ပါတယ်။ ဒါကြောင့် ရှာသမျှ ငွေတွေ မိမိတစ်ယောက်တည်း မသုံးပါနဲ့။

ဘာအလုပ်မှ မလုပ်တဲ့ ယောင်္ကျား

အိမ်ထောင် ဦးစီးဖြစ်ပြီး ဘာအလုပ်မှ မလုပ်တဲ့ ယောင်္ကျားကိုလည်း ဇနီးသည်က စိတ်ပျက်မိပါလိမ့်မယ်။ တစ်နေ့ မဟုတ် တစ်နေ့ကျရင်တော့ စိတ်ပျက်တဲ့ အကြောင်း ဖွင့်ပြောမိပါလိမ့်မယ်။

ဇနီးကို နှိပ်စက်တဲ့ ခင်ပွန်း

အမြဲတန်း ဇနီးသည်ကို အနိုင်ကျင့် နှိပ်စက်တဲ့ ယောင်္ကျားမျိုးကို ဇနီးသည်က စိတ်ပျက်မိပါလိမ့်မယ်။ ခင်ပွန်ဆိုတာ ဇနီးသည်ကို နိုင်တိုင် အနိုင်မကျင့်သင့်ပါ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top