ပဲခူးတိုင်းဒေသကြီး သာယာဝတီ မြို့နယ် သုံးဆယ်မြို့ အနောက်ဘက် မာလကာကုန်း ကျေးရွာ ၏ ရေဘေး အခြေအနေ

11056460_1646461445569952_2239428332301757570_n.jpg

ရေဘေး ကယ်ဆယ်ရေး စခန်း ၈ နေရာသို့ ရေဘေးသင့် ပြည်သူဦးရေ 1500 ခန့် ရောက်ရှိ ကယ်တင်ပြီး ဖြစ်ပါသည်။ အရမ်းများပြားတဲ့ အတွက် မြို့ခံ အဖွဲ့နှင့် မလုံလောက်တော့လို့ ကူညီပေးကြပါအုံး။

သာယာဝတီမြို့နယ် သုံးဆယ်မြို့ အနောက်ဘက်တွင် ဖြစ်ပေါ်လျက်ရှိသော ရေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေး လုပ်ငန်း လုပ်ဆောင်လျက်ရှိရာ ယခု အချိန် အထိ ကယ်ဆယ်ရေး စခန်းများဖြစ်သော မောင်းထောင် ကျောင်းတိုက်တွင် ၁၉၅ ဦး ထူပါရုံ ကျောင်းတိုက်တွင် ၂၃၃ ဦး ဓမ္မရက္ခိတ ကျောင်းတိုက် တွင် ၅၀ ဦး စုစုပေါင်း ရေဘေးသင့် ပြည်သူ ဦးရေ ၄၇၈ ဦး ကယ်ဆယ်ပြီး ဖြစ်ပါသည်။

၎င်းတို့၏ စားဝတ်နေရေး ကျန်းမာရေးများအား ကူညီ ထောက်ပံ့ လှူဒါန်းလိုသူများ အနေဖြင့် မည်သူမဆို ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

မောင်ထောင် ကျောင်းတိုက် ကယ်ဆယ်ရေး စခန်း Ph: 09-780548025, 09-780548017
သုံးဆယ် မီးသတ်ရုံ (အလှူခံ လက်ခံဌာန) Ph: 05-530062, 09-33355591
ကိုကျော်ဆန်းအောင်(ကယ်ဆယ်ရေး အဖွဲ့ဝင်) သုံးဆယ်မြို့။
ကမ္ဘောဇဘဏ်၊ ကိုကျော်ဆန်းအောင် ၇/သဝတ(နိုင်)076497
Ph: 09-4500 45 828, 09-976 2288 45 တိုက်ရိုက် ဆက်သွယ် မေးမြန် လှူဒါန်းနိုင်ပါသည်။

ရေဘေးဒုက္ခသည်စခန်းများဖြစ်သော –

ထူပါရုံကျောင်းတိုက် တွင် 280 ဦး
မောင်းထောင်ကျောင်းတိုက် တွင် 209 ဦး
ဓမ္မရက္ခိတကျောင်းတိုက်တွင် 173 ဦး
သရက်တောကျောင်းတိုက် တွင် 129 ဦး
ဓမ္မသုခကျောင်းတိုက် တွင် 169 ဦး
ဘာကူးကျောင်းတိုက် တွင် 187 ဦး
မင်္ဂလာအုပ်ကျောင်းတိုက် တွင် 207 ဦး
ရတနာဝင်းရုပ်ရှင်ရုံတွင် 391 ဦး
စုစုပေါင်း ဒုက္ခသည်စခန်း ၈ နေရာသို့ ကယ်တင်ပြီး လူဦးရေ – 1745 ဦး ကယ်တင်နေရာချထားပြီး ဖြစ်ပါသည်။

အဆင်ပြေပါက ကူညီနိုင်ရန် လေးစားစွာ အကူအညီ တောင်းခံအပ်ပါသည်ခင်ဗျာ . အဲ့ဒီဘက်မှာ လူသိပ်မသိသေးလို့ လှူမယ့်သူ မရှိသေးလို့ပါ …

Copied : https://www.facebook.com/kyawsan.aung.9/posts/1646462538903176

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top