ဗူးသီးမှ အရီးတော်

ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတဲ့ အချိန်ဆိုတာ လူတိုင်းမှာ ရှိကြစမြဲပါပဲ။ အဲဒီလို ရုန်းကန်နေရတဲ့ အချိန်တွေမှာ ကိုယ့်ဘေးနားမှာ အားပေးကူညီနေမယ့် သူ မရှိသလောက် နည်းတာကို ကြုံဖူးကြမှာပါ။  အောင်မြင်ဖြစ်ထွန်းလာတဲ့ အခါမှသာ ကိုယ့်ကို အပေါင်းအသင်းလုပ်ကြသူတွေ များလာတတ်ပါတယ် ။ အဲဒီလို အချိန်မှ ကိုယ့်အနားကပ်လာကြသူတွေဟာ ကိုယ့်ဆီက တစ်စုံတစ်ရာအကျိုးကို မျှော်ကိုးပြီး ဝန်းရံကြသူတွေ ဖြစ်တာ များပါတယ်။ တကယ်လို့သာ ကိုယ့်မှာ ပြဿနာ အခက်အခဲ ထပ်ကြုံတွေ့လာခဲ့ရင် အဲဒီလို မိတ်ဆွေတုတွေက ကိုယ့်ကို ထားခဲ့ပြီး အားကိုးအားထားရမယ့် တခြားသူတွေကို ထပ်ရှာဖို့ ဝန်လေးကြမှာ မဟုတ်ပါဘူး။

” ဗူးသီးမှ အရီးတော် ” ဆိုတဲ့ စကားပုံဟာ အောင်မြင်ဖြစ်ထွန်းမှ အပေါင်းအဖက်လုပ်ချင်ကြတဲ့ လူတွေရဲ့ စရိုက်ကို ဖော်ပြနေတဲ့ စကားပုံပဲ ဖြစ်ပါတယ်။

ကိုးကား ။ ။ “လှသမိန်” ပြုစုသည့် “မြန်မာစကားပုံ အဘိဓာန်”
(Design – Ti Nyain)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top