ဘီလုံးငှက်တို့၏ ဥပမာ

Alauda_arvensis_2.jpg

တစ်ခါတုန်းက ဘီလုံးငှက်တို့ မိသားစု ရှိတယ်။ သူတို့မိသားစု နေထိုင်ဖို့အတွက် အသိုက်လေးကို ပြောင်းခင်းထဲမှာ တည်ဆောက်ထားပါတယ်။

– တစ်နေ့တော့ ဘီလုံးငှက်တို့ မိသားစုမှ ငှက်ကလေးဟာ လယ်သမားတို့ ပြောတဲ့ စကားသံကို ကြားသိခဲ့တယ်။

“အဖေ မနက်ဖြန် အိမ်နီးနားချင်းတွေခေါ်ပြီး သားတို့ ပြောင်းခင်းကို ရိတ်ကြရအောင်”

ဘီလုံးငှက်လေးဟာလည်း ပြောင်းခင်းကို ရိတ်တော့မယ်ဆိုတဲ့ အကြောင်းကြားတော့ အမေဖြစ်သူကို သွားပြီးပြောတယ်။ အမေ လယ်သမားတွေက ပြောင်းခင်းကြီးကို ရိတ်တော့မယ်တဲ့။ အမေလုပ်သူကလည်း မကြောက်ပါနဲ့ သားရယ်လို့ ပြောတယ်။

နောက်နေ့မှာလည်း ဘီလုံးငှက်လေးက ပြောင်းခင်း ရိတ်တော့မယ် အကြောင်းကို ထပ်ကြားတဲ့ အတွက် အမေဖြစ်သူကို သွားပြီ ပြောပြန်တယ်။ အမေလုပ်သူကလည်း မကြောက်ပါနဲ့သားရယ်လို့ပဲ ပြန်ပြောခဲ့တယ်။

ဒါပေမယ့် နောက်တစ်နေ့ ရောက်တော့ လယ်သမားကြီးဟာ သူသားကို ပြောလိုက်တယ်။ ငါတို့ မနက်ဖြန် ဒီပြောင်းခင်းကို ရိတ်မယ်။ အဲလိုပြောသံကို ဘီလုံးငှက်ကလေးက ကြားပြီး အမေလုပ်သူကို ပြန်ပြောလိုက်တယ်။

ဘီလုံးငှက် အမေက “ငါတို့ ပြောင်းဖို့ အချိန်တန်ပြီ။ ဘာလို့ဆိုတော့ လယ်သမားကြီးက တိကျတဲ့ အချိန်ကို ပြောလိုက်လို့ပဲ သား”

သင်ခန်းစာ –

ခြိမ်းခြောက်တိုင်း မကြောက်ပါနဲ့။ တိကျမှန်ကန်မူ ရှိမရှိ စဉ်စားပါ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top