မိဘနှင့် သားသမီးတို့ အကြား စောင့်ထိန်းအပ်သော ကျင့်ဝတ်များ

mid-adult-white-parents-piggybacking-their-kids-6M9RNAS-e1563684613490.jpg

မိဘမှ သားသမီးအပေါ် ပြုကျင့်အပ်သော ကျင့်ဝတ် ငါးပါး –

၁။ မကောင်းမှုကို မပြုကျင့်အောင် တားမြစ် ဆုံးမခြင်းတစ်ပါး။

၂။ ကောင်းမှုတို့ကို ပြုကျင့်အောင် လမ်းညွှန် ပဲ့ကိုင် သွန်သင်ခြင်းတစ်ပါး။

၃။ အသိပညာ/အတတ်ပညာ တို့ကို သင်ကြားနိုင်အောင် ပံ့ပိုးပေးခြင်းတစ်ပါး။

၄။ လုပ်ကိုင်စားသောက်ရန် မိမိ တတ်နိုင်သလောက် အရင်းအနှီး စိုက်ထုတ် မတည်ပေးခြင်းတစ်ပါး။

၅။ အရွယ်ရောက်လာလျှင် သင့်လျော်သူနှင့် လက်ထပ် ထိမ်းမြားပေးခြင်းတစ်ပါး။

သားသမီးမှ မိဘအပေါ် ပြုကျင့်အပ်သော ကျင့်ဝတ် ငါးပါး

၁။ သားသမီးတို့ အရွယ်ရောက်လာလျှင် မိဘတို့အား ပြန်လည်ပြုစု လုပ်ကျွေးခြင်းတစ်ပါး။

၂။ မိဘတို့၌ ဆောင်ရွက်စရာ ကိစ္စကြီးငယ် ပေါ်လာလျှင် သားသမီးမှ မိဘကိုယ်စား ဝင်ရောက် လုပ်ကိုင်ပေးခြင်းတစ်ပါး။

၃။ မိဘလက်ထက်က ဆင်းသက်လာသော ကုသိုလ်ကောင်းမှု၊ ယဉ်ကျေးသော အစဉ်အလာကောင်းများကို လက်ဆင့်ကမ်း ထိန်းသိမ်း စောင့်ရှောက်ခြင်းတစ်ပါး။

၄။ မွေခံထိုက်သော သားသမီးကောင်းဖြစ်အောင် မိဘစကားကို လေးစား လိုက်နာခြင်းတစ်ပါး။

၅။ မိဘနှစ်ပါး ကွယ်လွန်သောအခါ ကောင်းရာသုဂတိ ရောက်စေကြောင်း ရည်ရွယ်ပြီး ကုသိုလ်ကောင်းမှုပြုပြီး အမျှပေးဝေခြင်းတစ်ပါး။

မိဘနှင့် သားသမီးတို့ကိုယ်စီ ကျင့်ဝတ်များ ကြေပွန်စွာ ဆောက်ရွက်ရင်း ပျော်ရွှင်ဖွယ်ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ … မြတ်ဗုဒ္ဓမှ သိင်္ဂါလသဌေးသားအား ဆုံးမခန်းမှ ကောက်နှုတ် ဖော်ပြသည်။

ချမ်းမြေ့ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top