မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေက ဘေးကင်းလုံခြုံစိတ်ချရပြီး အရည်အသွေးကောင်းမွန်တဲ့ ဆေးတွေဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကြေညာ

216368009_841589449805560_2945047289645301302_n.jpg

ပျဉ်းမနားဘိုးဘွားရိပ်သာက အဘိုး၊ အဘွားတွေကို ကိုဗစ်ကာကွယ်ဆေးထိုးနှံနေပုံ

ရန်ကုန်၊ ဇူလိုင် (၂၉)

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေဟာကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထားတဲ့ အာနိသင်ထက်မြက်ကာ ဘေးကင်းလုံခြုံစိတ်ချရပြီး အရည်အသွေးကောင်းမွန်တဲ့ ဆေးတွေဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မှာကြေညာလိုက်ပါတယ်။

မိဘပြည်သူတွေအနေနဲ့ ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ သတင်းအမှားတွေ၊ ကောလာ ဟလသတင်းတွေကို မယုံကြည်ကြဘဲ မိမိအတွက်ရရှိတဲ့ ကာကွယ်ဆေးကို မိမိကိုယ်တိုင်နဲ့ မိသားစုအသိုင်းအဝန်းအတွက် အကောင်းဆုံးဖြစ်ပြီး ကာကွယ်ဆေးထိုးလုပ်ငန်းတွေမှာ စနစ်တကျ ပါဝင်ပူးပေါင်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

ပျဉ်းမနားဘိုးဘွားရိပ်သာက အဘိုး၊ အဘွားတွေကို ကိုဗစ်ကာကွယ်ဆေးထိုးနှံနေပုံ

ကာကွယ်ဆေးများထိုးနှံရာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လမ်းညွှန်ချက်တွေနဲ့ အညီ ရေးဆွဲထားတဲ့ မြန်မာနိုင်ငံ Covid-19 ရောဂါ ကာကွယ်ဆေးထိုးစီမံချက် Myanmar National Vaccine Deployment Plan အရ ဦးတည်အုပ်စုတွေကို သတ်မှတ်ပြီး ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံပေးသွားမှာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေး doses (၃) သန်း ပြည်တွင်းကိုရောက်ရှိပြီးဖြစ်သလို လာမယ့် သြဂုတ်လအတွင်းမှာလည်း ကိုဗစ်ကာကွယ်ဆေး doses (၃) သန်း ထပ်မံရောက်ရှိမှာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သိရပါတယ်။

ပျဉ်းမနားဘိုးဘွားရိပ်သာက အဘိုး၊ အဘွားတွေကို ကိုဗစ်ကာကွယ်ဆေးထိုးနှံနေပုံ

လတ်တလောမှာ COVIDSHIELD အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်မျိုးမျိုးကို (၂)ကြိမ် အပြည့် ထိုးနှံပြီးသူတွေ၊ လက်ရှိမှာ ကိုဗစ်-၁၉ သံသယလက္ခဏာရှိသူတွေနဲ့ အဖျားရောဂါရှိသူတွေ၊ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာတွေအနေနဲ့ ဓာတ်ခွဲစစ်ဆေးအတည်ပြုတဲ့နေ့က စတင်ပြီး ကာကွယ်ဆေးထိုးတဲ့ အချိန်အထိ (၆)လတာကာလ မပြည့်မီသူတွေကို ကာကွယ်ဆေးထိုးနှံခွင့်ပြုသွားမှာ မဟုတ်ဘူးလို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားပါတယ်။

Photo- နေပြည်တော်ကောင်စီ

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top