လက်ကောက်လိုပင် ကွေးနိုင်သော စမတ်ဖုန်းကို ရောင်းချတော့မည်

3492238B00000578-0-image-a-30_1464107701615.jpg

တရုတ်ပြည်အခြေဆိုက် Moxi အမည်ရ Startup ကုမ္ဗဏီတစ်ခုဟာ လက်ကောက် လို ဖြစ်အောင်တောင် ကွေးလို့ရတဲ့ စမတ်ဖုန်းကို တီထွင်လိုက်ပါပြီ။ နည်းပညာကတော့ ၂၀၀၄ ခုနှစ်တုန်းက နိုဘယ်ဆုရခဲ့တဲ့ ဗြိတိန်က Scientist နှစ်ဦးရဲ့ နည်းပညာ ဖြစ်ပါတယ်။ ကာဘွန်ကို အခြေပြုတဲ့ စတီးထက် အဆ ၂၀၀ သန်မာသော Graphene ကို အသုံးပြုလို့ ဖန်တီးခြင်း ဖြစ်ပါတယ်။

ဖုန်းဟာ ၅.၂ လက်မ ဖန်သားပြင် အရွယ်ရှိပါတယ်။ ဒါပေမယ့် သူကတော့ ရှည်မြောမြောဖန်သားပြင်ပါ။ အတွင်းမှာ ပါတဲ့ Spec များကိုလည်း အမြင့်ဆုံးများ ထည့်သွင်းထားပါတယ်။ ဖုန်းရဲ့ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၇၇၆ ဒေါ်လာ ရှိပါတယ်။ အရေအတွက်အားဖြင့် အလုံးရေ ၁သိန်းကို ဖြန့်ချိမှာ ဖြစ်ပါတယ်။ ဖုန်းဟာ အင်မတန် ပါးလွှာမှာလည်း ဖြစ်ကြောင်း ဆိုပါတယ်။ ယင်း စမတ်ဖုန်းဟာ ကွေးညွန့်လို့ရတဲ့ စမတ်ဖုန်း အဖြစ် အခြားသော ရှိရင်းစွဲ ကွေးညွတ်စမတ်ဖုန်းများထက် ပိုမို သိသာထင်ရှားမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ လက်ကောက်အဖြစ်တောင် အသုံးပြုနိုင်လို့ ဖြစ်ပါတယ်။

အလုံးရေ (၁) သိန်းကို တရုတ်ပြည်မှာပဲ အရင်ဖြန့်ချိအုံးမှာ ဖြစ်ပြီး နောက်ထပ် အရေအတွက်သစ်များကိုတော့ ကမ္ဘာ့ ဈေးကွက်ပစ်မှတ်ထားမှာ ဖြစ်ပါတယ်။

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top