လိပ်ကျွန်းလူသတ်မှုအတွက် မြန်မာနိုင်ငံသားနှစ်ဦး သေဒဏ်ချမှတ်ခံရ

12376440_999432096766709_2114733103470994404_n.jpg

၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်း ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲ သတ်ခံရခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းတရားရုံးက သေဒဏ် ချမှတ်ခဲ့ကြောင်း APသတင်းဌာနက ဖော်ပြသည်။

ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့သည် ပြီးခဲ့သည့်နှစ်က လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသား ဒေးဗစ်မီလာကို သတ်ခဲ့ပြီး ၎င်း၏အဖော် ဟန်နာဝစ်သရစ်ကို အဓမ္မကျင့်၍ သတ်ခဲ့သည်ဟု တရားရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် တရားခံ ရှေ့နေက အဆိုပါပြစ်ဒဏ်အတွက် အယူခံဝင်သွားမည်ဟု ပြောကြောင်း သိရသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top