လူအများစုမသိကြတဲ့ မွေးချင်းအမြွာရှိတဲ့ နာမည်ကျော် သရုပ်ဆောင်များ

CelebTwin_Scarlet1.jpg

ကမ္ဘာကျော်သရုပ်ဆောင်တွေကို ပိတ်ကားထက်မှာမြင်နေကြရလို့ သူတို့ကိုတော့ ရုပ်ရှင်ချစ်သူပရိတ်သတ်တိုင်း မှတ်မိကြမှာပါ။

ဒါပေမဲ့ နာမည်ကျော်သရုပ်ဆောင်တွေမှာလည်း ရုပ်ချင်းဆင်တဲ့ အမြွာ နဲ့ရုပ်ချင်းမဆင်တဲ့ အမြွာတွေ ရှိနေကြပါတယ်။ အခု ဒီမှာတော့ ရိုးရာလေးပရိတ်သတ်ကြီးအတွက် အမြွာရှိကြတဲ့ နာမည်ကျော်သရုပ်ဆောင် (၅)ဦးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

  1. Scarlett and Hunter Johansson

၂၀၁၀ ခုနှစ်ကတည်းက Marvel Comics character Black Widow အဖြစ်သရုပ်ဆောင်ခဲ့သူဖြစ်တဲ့အပြင် Lost in Translation နဲ့ Vicky Cristina Barcelona၊ Lucy ၊ Ghost In the Shell  စတဲ့ ဇာတ်ကားများကို ရိုက်ကူးခဲ့တဲ့ Scarlett မှာ သူ့ထက်အရပ်ပိုရှည်တဲ့ Hunter ဆိုသူအမြွာအစ်ကိုတစ်ယောက်ရှိပါတယ်။ Hunter ကို တစ်ခါတစ်ရံ Scarlett နဲ့တွဲလျက်မြင်တွေ့ရပြီး Hunter ကတော့ ပရဟိတလုပ်ငန်းတွေနဲ့ နိုင်ငံရေးလုပ်ငန်းတွေကို လုပ်ကိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

  1. Vin Diesel and Paul Vincent

Vin Diesel (နာမည်အရင်း Mark Sinclair Vincent) မှာတော့ ရုပ်ချင်းသိပ်မတူတဲ့ အမြွာညီအစ်ကိုတစ်ယောက်ရှိပြီး သူကလည်း ရုပ်ရှင်လောကထဲမှာပဲ ကျင်လည်နေတယ်ဆိုတာကို သိတဲ့လူနည်းမှာပါ။ Paul Vincent ဟာ နာမည်ကျော်ကြားတဲ့ သရုပ်ဆောင်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ၂၀၁၃ ခုနှစ်က Vin Diesel ဟာ သူ့ရဲ့ အမြွာညီအစ်ကိုနဲ့ Fast and Furious ဇာတ်ဆောင်တစ်ဦးဖြစ်သူ Paul Walker တို့တွဲရိုက်ထားတဲ့ ဓာတ်ပုံကို “The two Pauls ” လို့စာသားရေးကာ အွန်လိုင်းပေါ်တင်ခဲ့ဖူးပါတယ်။

  1. Ashton and Michael Kutcher

Ashton Kutcher ဟာ  Punk’d နဲ့ The Butterfly Effect စတဲ့ ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပြီး ၂၀၁၃ ခုနှစ်ကလည်း Steve Jobs ရဲ့  အတ္ထုပ္ပတ္တိဇာတ်ကားဖြစ်တဲ့ Jobs ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူ့မှာလည်း ကျန်းမာရေးသိပ်မကောင်းတဲ့ အမြွာဖြစ်သူ Michael Kutcher ရှိပါတယ်။ “ကျွန်တော်တို့ နှစ်ယောက်ဟာ အစစအရာရာမတူညီကြပေမဲ့ တစ်ယောက်ကိုတစ်ယောက်ချစ်တာတော့ တူညီပါတယ် ” လို့ Ashton Kutcher က သူ့အမြွာအစ်ကိုနဲ့ပတ်သတ်ပြီး ပြောပြခဲ့ဖူးပါတယ်။

  1. Linda and Leslie Hamilton

Terminator 2: Judgment Day ဇာတ်ကားမှာ ဗီလိန်ဖြစ်သူ T1000 စက်ရုပ်က ဆာရာကော်နာရဲ့အသွင်ပြောင်းပြီး သူ့သားကို သတ်ဖို့ကြိုးစားခဲ့ပေမဲ့ နောက်ဆုံးမိနစ်မှာ ဆာရာကော်နာအစစ်က ပေါ်လာပြီးသူ့သားကိုသတ်ဖို့ကြိုးစားနေတဲ့အသွင်ပြောင်းစက်ရုပ်ကို ဟန့်တားနိုင်ခဲ့တဲ့ အခန်းလေးကိုမှတ်မိကြပါသလား။ ကြည့်ဖူးခဲ့ကြတဲ့ ပရိတ်သတ်တော်တော်များများကတော့ CGI (Computer-generated imagery) လို့ထင်ကြပေမဲ့ တကယ်တမ်းက CGI မဟုတ်ဘဲ ဒီအခန်းကို Linda Hamilton ရဲ့အမြွာညီအစ်မဖြစ်သူ Leslie Hamilton ကသရုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ ဟောလိဝုဒ်ဇာတ်ညွန်းတွေမှာ နှစ်ကိုယ်ခွဲဇာတ်ရုပ်တွေကို ဇာတ်လမ်းပိုမိုအသက်ဝင်စေရန်အတွက် CGI နဲ့မလုပ်တော့ဘဲ ရုပ်ချင်းတူတဲ့အမြွာများကို ထည့်သွင်းသရုပ်ဆောင်ခိုင်းလေ့ရှိပါတယ်။

  1. Rami and Sami Malek

အမေရိကန်ဇာတ်လမ်းတွဲဖြစ်တဲ့ Mr Robot သရုပ်ဆောင်ဖြစ်သူ Rami Malek ဟာ Emmy award ဆုကိုရရှိခဲ့သူတစ်ယောက်ဖြစ်ပြီး Rami မှာလည်း အမြွာညီအစ်ကိုဖြစ်သူ Sami ရှိပြီး Sami ကတော့ Los Angeles မြို့မှာ ဆရာတစ်ယောက်အဖြစ် လုပ်ကိုင်သူတစ်ယောက်ဖြစ်ပါတယ်။

Ref : BBc Entertainment : Celebrity twins: 8 stars you didn’t know had a sibling

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top