သာမန်ကွန်ပျူတာတွေ နှစ် ၃၀၀၀ လောက် တွက်ချက်ရမှာကို တစ်ရက်တည်းနဲ့ တွက်နိုင်မယ့် ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာကို ဂျပန် ဖန်တီးနေ

20525423_1569680979729483_1595852300044387961_n.jpg

ဂျပန်နိုင်ငံဟာ တစ်စက္ကန့်မှာ အချက်အလက်ပေါင်း ဘီလျံသန်း ၁၃၀ တွက်ချက်နိုင်တဲ့ ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာ ဖန်တီးနေပြီး အဲဒီကွန်ပျူတာကြောင့် မှတ်ဉာဏ်တုဆိုင်ရာ သုတေသနလုပ်ငန်းမှာ ဂျပန်နိုင်ငံက ကမ္ဘာ့အချက်အချာ နေရာဖြစ်လာဖို့ မျှော်လင့်နေတယ်လို့ CNN သတင်းဌာနကဖော်ပြပါတယ်။

၂၀၁၈ ခုနှစ် ဧပြီလမှာ အပြီးသတ် ဖန်တီးနိုင်လိမ့်မယ်လို့ ခန့်မှန်းထားတဲ့ Al Bridging Cloud Infrastructure (ABCI) စူပါကွန်ပျူတာဟာ 130 petaflops နှုန်းနဲ့ လည်ပတ်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ အဲဒီအတွက် ABCI စူပါကွန်ပျူတာဟာ လက်ရှိ စူပါကွန်ပျူတာတွေထဲမှာ အမြန်ဆုံးအဖြစ် ချန်ပီယံဘွဲ့ရထားတဲ့ တရုတ်နိုင်ငံက Sunway Taihu Light စူပါကွန်ပျူတာကို ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ Sunway Taihu Light စူပါကွန်ပျူတာက 93 petaflops နှုန်းနဲ့ လည်ပတ်နေတာပါ။

ABCI စူပါကွန်ပျူတာဟာ PC ကွန်ပျူတာတွေလို မျက်နှာပြင်နဲ့ Mouse မပါဝင်ပါဘူး။ ABCI စူပါကွန်ပျူတာဟာ အရမ်းမြန်သလို အရမ်းကြီးမားပြီး ကားအစီးရေ ၃၀၊ ၄၀ ပါကင်ထိုးလောက်တဲ့ အရွယ်အစား ရှိပါတယ်။ ABCI စူပါကွန်ပျူတာက တစ်နေ့ တွက်ချက်နိုင်တဲ့ ပမာဏဟာ သာမန် ကွန်ပျူတာတွေ နှစ်ပေါင်း ၃၀၀၀ လောက် တွက်ချက်နိုင်တဲ့ ပမာဏလောက် ရှိတယ်လို့ CNN သတင်းဌာနက ဖော်ပြပါတယ်။

မောင်းသူမဲ့ကားတွေကို အဆင့်မြှင့်တင်ဖို့၊ စက်ရုပ်တွေ ထုတ်လုပ်ဖို့နဲ့ ရောဂါ အမျိုးအစား ခွဲခြားတဲ့ ရောဂါဗေဒဆိုင်ရာ ကဏ္ဍတွေ ဖွံ့ဖြိုးလာစေဖို့အတွက် ABCI စူပါကွန်ပျူတာက ဂျပန်ကုမ္ပဏီတွေကို အထောက်အပံ့ ဖြစ်စေလိမ့်မယ်လို့ စက်ရုံပိုင်းဆိုင်ရာ အဆင့်မြင့်သိပ္ပံနဲ့ နည်းပညာ အမျိုးသားအဖွဲ့အစည်းက ဒါရိုက်တာက ပြောပါတယ်။ ဂျပန်နိုင်ငံ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနဲ့ စက်ရုံပိုင်းဆိုင်ရာ ဝန်ကြီးဌာနက ABCI စူပါကွန်ပျူတာ တည်ဆောက်ဖို့နဲ့ သုတေသနစင်တာ နှစ်ခု တည်ဆောက်ဖို့ အမေရိကန်ဒေါ်လာ ၁၇၃ သန်း အကုန်အကျခံသွားမယ်လို့ CNN က ဖော်ပြထားပါတယ်။

Ref : CNN News : US detects ‘highly unusual’ North Korean submarine activity

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top