သိန်းရာကျော်တန် စိန်လော့ကက်သီး ကို ကောက်ရ၍ ပိုင်ရှင်ထံပြန်အပ်ခဲ့တဲ့ ကလေးငယ်

childeren.gif

ရန်ကုန်မြို့ သာကေတမြို့နယ် မဟာရန်ကုန်ကျောင်း အလှူတွင် အလှူရှင် တစ်ဦးဖြစ်သူ ဒေါ်တင်တင်ဝင်းဟာ သိန်းရာကျော်တန် စိန်လော့ကက်သီး ပျောက်ဆုံးသွား ခဲ့ပါတယ်။

ထိုပျောက်ဆုံးသွားပါသော် စိန်လော့ကက်သီးကို မောင်ခန့်သူရဟာ ကောက်ရ၍ မူရင်းပိုင်ရှင် ဒေါ်တင်တင်ဝင်းထံသို့ ပြန်လည် အပ်နှံခဲ့ကြောင်း ရိုးရာလေးမှ သတင်းရရှိပါတယ်။ မောင်ခန့်သူရဟာ ဦးမြတ်သူ နှင့် ဒေါ်သီရိတို့၏ သားဖြစ်ပြီး အ မ က (၁၆)ပုလဲမြို့သစ်မှာ ဒုတိယတန်းကို တက်ရောက်နေသူ တစ်ယောက်လည်း ဖြစ်တယ်လို့ သိရပါတယ်။

ရိုးသားလှသော မောင်ခန့်သူရ၏ စိတ်ဓာတ်ကို လေးစား၍ သိန်းရာကျော် စိန်လော့ကက်သီး၏ ပိုင်ရှင်ဟာ ကလေး၏ ပညာသင် စရိတ်များကို
ထောက်ပံ့ပေးသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top