သူများစားတာမြင်တာနဲ့ သွားရည်ယိုတဲ့ ငရုတ်သီးထောင်း

nge2.jpg

ငရုတ်သီးထောင်းဟာ တွဲဖက်ပြီး စားရတဲ့ အစားအစာ တစ်မျိုး ဖြစ်ပါတယ်ဆိုတာ လူတိုင်းသိပါတယ်။

အထူးသဖြင့်ကတော့ ချဉ်ရည်ဟင်းလို ဟင်းမျိုးနဲ့ တွဲဖက်စားသုံးကြပြီး တစ်ချို့ကတော့ ငရုတ်သီး မပါရင် ထမင်းစားမဝင်သူတွေလည်း ရှိပါတယ်။

အရသာ ရှိအောင် ငရုတ်သီးထောင်းတဲ့ နည်းတွေများစွာရှိပါတယ်။ ငရုတ်သီးကို ဆား ကြက်သွန်နီတို့နဲ့ ထောင်းလို့ ရသလို ငပိဖုတ်နှင့် တွဲဖက်ပြီးလည်း ထောင်းစားနိုင်ပါတယ်။ သို့သော် နေရပ်ဒေသ အပေါ်မူတည်ပြီးတော့ စားသုံးပုံခြင်းတွေက ကွဲလွဲကြပါတယ်။ တစ်ချို့ကတော့ ငရုတ်သီး အစိမ်းကိုထောင်းစားပြီး ငရုတ်သီးမှုန့်ကိုလည်း ထောင်းပြီး စားကြတာတွေလည်း ရှိပါတယ်။

အရမ်းများများစားရင် ရင်ပူပေမယ့် နည်းနည်းစားရင်တော့ ဆေးဝါးဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ငရုတ်သီးထောင်း ကတော့ လူတိုင်း လူတိုင်း ဟင်းလျာထဲမှာ ပါဝင်အောင် ထည့်သွင်း စားသုံးကြတဲ့ မြန်မာ့အစားအစာ တစ်ခုဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top