အခမဲ့ တက်ရောက်နိုင်မယ့် အခြေခံလျှပ်စစ်ပညာသင်တန်း

27-7-2020-yyl-026.jpg

လာမယ့် ဇူလိုင်လက စတင်ပြီး အသက် ၁၆ နှစ်က ၂၂ နှစ် ကြား လူငယ်တွေအတွက် အခမဲ့တက်ရောက်နိုင်မယ့် အခြေခံ လျှပ်စစ်ပညာသင်တန်းတစ်ခုကို ရန်ကုန်မြို့မှာ ဖွင့်လှစ်သွားတော့မယ်လို့ သိရပါတယ်။

ဒီသင်တန်းဟာ သက်မွေးဝမ်းကျောင်းအဖြစ် ပြန်လည်လုပ်ကိုင်နိုင်သည်အထိ သင်ကြားပေးမယ့် လျှပ်စစ်ပစ္စည်း သွယ်တန်းတပ်ဆင်ခြင်း ဘာသာရပ် သင်တန်းဖြစ်ပါတယ်။ သင်တန်းကို ငွေကြေးအကျိုးအမြတ်ကို မရည်ရွယ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CVT Myanmar နဲ့ အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ပြီး May Bank ရဲ့ ပံ့ပိုးမှုနဲ့ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
သင်တန်းကြေးပေးသွင်းစရာမလိုတဲ့ အပြင် သင်တန်းကာလ အတွင်း ခရီးစရိတ်ကို ထောက်ပံ့ပေးမယ်လို့လည်း ဖော်ပြထားပါတယ်။သင်တန်းပြီးဆုံးပြီး စာမေးပွဲဖြေဆိုအောင်မြင်တဲ့အခါမှာ Center for Vocational Training (CVT) နဲ့ National Skill Standard Authority (NSSA) အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ်ကို ရရှိမှာ ဖြစ်ပါတယ်။

ဝင်ခွင့်လိုအပ်ချက်တွေအနေနဲ့
-အသက် ၁၆ နှစ် က ၂၂ ကြား ဖြစ်ရပါမယ်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားပြီး (သို့) တက္ကသိုလ်ဝင်တန်းနဲ့ ညီမျှတဲ့ ပညာသင်ယူခဲ့ပြီး ဖြစ်ရပါမယ်။ သင်တန်းကာလက ဇူလိုင်လကနေ ဇန်နဝါရီလ အထိ ၆ လ ကြာ သင်ယုရမှာ ဖြစ်ပါတယ်။
ကျန်တဲ့ အသေးစိတ်တွေက အခုလို ဖြစ်ပါတယ်။
•သင်တန်းချိန်-(8:00am-4:45pm)
• သင်တန်းကာလ- July 2017-January 2018 (တနင်္လာ၊အင်္ဂါ၊ကြာသပတေး၊သောကြာ- တစ်ပတ် ၄ရက်)

• သင်တန်းနေရာ- CVT Myanmar
• လျှောက်လွှာပိတ်ရက်- 24th June 2017 (ညနေ ၅နာရီ)
• လျှောက်လွှာလက်ခံရက်- 5th June 2017 မှ 24th June 2017 အထိ

သင်တန်းဝင်ခွင့်လျှောက်ထားလိုသူတွေအနေနဲ့ ရုံးချိန်အတွင်း “ဝင်ခွင့်လျှောက်လွှာ” ကို အောက်ဖော်ပြပါရုံးမှာ လာရောက်ထုတ်ယူ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ (အခြေခံပညာရေး ဆယ်တန်း(သို့) ဆယ်တန်းနဲ့ ညီမျှတဲ့ ပညာရေးအဆင့်တက်ရောက်ခဲ့ဖူးကြောင်း ထောက်ခံစာတစ်ခုခု ကို လူတွေ့ ဖြေဆိုချိန်မှာ တပါတည်း  ယူဆောင်လာရမှာပါ)

လျှောက်လွှာပေးပို့ရန် နှင့် အသေးစိတ် မေးမြန်းရန် လိပ်စာကတော့ –
အမှတ် (၄၂)၊ ကမ်းနားလမ်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရုံး၊ တတိယထပ်၊ ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်မြို့ဖြစ်ပြီး ဖုန်းနံပါတ်က ၀၁၃၈၃၆၇၆၊ ၀၉၇၃၁၆၆၂၀၆ ဖြစ်ပါတယ်။

(ဒီ သတင်းအချက်အလက်ကို “Myanmar Youth Empowerment Opportunities ” ရဲ့ website စာမျက်နှာ http://www.myeo.info/local/%E1%80%9C%E1%80%BD%E1%80%BA%E1%80%95%E1%80%B9%E1%80%85%E1%80%85%E1%80%B9%E1%80%80%E1%81%BD%E1%80%BC%E1%80%99%E1%80%B9%E1%80%B8%E1%80%80%E1%80%BA%E1%80%84%E1%80%B9%E1%80%A1%E1%80%91%E1%80%B0%E1%80%B8/ က ကူးယူဖော်ပြတာ ဖြစ်ပါတယ် )

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top