အရသာ အထူးပြည့်စုံတဲ့ ပဲကြာဇံသုပ်

palkyarzan.gif

ပဲကြာဇံသုပ်လို့ကြားလိုက်တာနဲ့ စားဖူးတဲ့ သူတွေက နှစ်သက်ကြပါလိမ့်မယ်။

ရေနွေးဖျောထားတဲ့ ပဲကြာဇံ ပေါ်မှာ ငရုတ်ဆီချက်၊ ၊ပဲမှုန့် ၊ အာလူး၊ သံပုရာသီး၊ ငပိ၊ နံနံပင် စတာတို့နဲ့ သမအောင် နှယ်ပြီး သုပ်၍ စားရသော အသုပ်တစ်မျိုးပင် ဖြစ်ပါတယ်။

ငရုပ်သီး ကြိုပ်သူများကတော့ ငရုတ်သီးကို ပါးပါးလေးတွေ လှီးပြီးထည့်နိုင်ပါတယ်။ တစ်ချို့ကလည်း အတောင့်လိုက် ထည့်စားကြတာတွေလည်း ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် သုပ်တဲ့ ပုံခြင်းတော့ တူမှာမဟုတ်လို့ အရသာခြင်းလည်း အနည်းငယ်တော့ ကွဲပြားပါလိမ့်မယ်။ ကြိုက်နှစ်သက်တဲ့ သူတွေ ကတော့ ပဲကြာဇံသုပ်ကို ခဏခဏ စားဖြစ်စေမယ့် အသုပ်တစ်မျိုး ဖြစ်ပါတယ်။

မိသားစု အလုပ်ပိတ်ရက်မှာ ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ ထမင်းဆုံစားကြတဲ့ အခါဖြစ်ဖြစ် အိမ်မှာ ရသာစုံလင်စွာ ပြုလုပ်ပြီး သုပ်လို့စားနိုင်ပါတယ်။

မူရင်းဓာတ်ပုံ – chatkyekyasot

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top