အိမ်မွေးတိရိစ္ဆာန်ကြည့် ကင်မရာ

20160906_p1.jpg

တချို့ ကြောင်ချစ်သူ၊ ခွေးချစ်သူတွေ အနေနဲ့ လုပ်ငန်းခွင် ဝင်နေတဲ့ အခါ၊ ဒါမှမဟုတ် အဝေးကို ရောက်နေတဲ့အခါမျိုးမှာ အိမ်မှာ ကျန်ခဲ့တဲ့ ခွေးကလေး၊ ကြောင်ကလေးတွေကို လွမ်းတာတွေ၊ သူတို့တွေ ဘာလုပ်နေမလဲသိချင်တာမျိုးတွေ ရှိတတ်ပါတယ်။

အဲဒီလို တိရစ္ဆာန်ချစ်သူတွေအတွက် ရည်ရွယ်ပြီး ထိုင်ဝမ်အခြေစိုက် ကွန်ပျူတာ ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Acer ကနေ ပေါဘို  (PawBo) လို့ ခေါ်တဲ့ အိမ်မွေးတိရစ္ဆာန်ကြည့် ကင်မရာကို တီထွင်ခဲ့ပါတယ်။  အဲဒီနောက်မှာမှ ပေါဘိုပလပ်စ် လို့ခေါ်တဲ့ ကင်မရာအသစ်ကို ထပ်မံထုတ်လုပ်လိုက်ပြီး အဲဒီ ကင်မရာသစ်ဟာ 720p ရုပ်ထွက် အရည်အသွေးနဲ့  ၁၃၀ ဒီဂရီအထိ ရိုက်ကူးနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ ဒီ ကင်မရာကို တိရိစ္ဆာန် ပိုင်ရှင်တွေရဲ့ စမတ်ဖုန်းနဲ့ ချိတ်ဆက်ပြီး အိမ်က ကြောင်လေး၊ ခွေးလေးတွေ ဘာတွေ လုပ်နေတယ်ဆိုတာ မြင်နိုင်တဲ့အပြင် သူတို့ကို စကားလှမ်းပြောတာ (သူတို့ ကြားအောင် အသံလှမ်းပြုတာ)မျိုး ပြုလုပ်နိုင်မှာပါ။

ကင်မရာတစ်လုံးကို စမတ်ဖုန်း ၈ ခုလောက်နဲ့ လှမ်းချိတ်ဆက်ထားနိုင်ပါတယ်။ တိရိစ္ဆာန်လေးတွေကို ဖုန်းကနေတဆင့် ဓာတ်ပုံလှမ်းရိုက်ပြီး facebook ပေါ် တင်တာ၊ ပေါဘိုပလပ်စ် ကင်မရာကနေ လေဆာပွိုင်တာ (Laser Pointer) မီး လေးတွေနဲ့ ကြောင်လေးတွေကို စ တာ၊ မီးရောင်ကို ဟိုရွှေ့ဒီရွှေ့လုပ်ပြီး ကြောင်လေး၊ ခွေးလေးတွေကို မီးရောင်နောက်က ပြေးပြီး လိုက်ဖမ်းအောင် စတာမျိုးတွေ လုပ်လို့ ရပါတယ်။ အဲဒီအပြင် ပေါဘိုပလပ်စ် စက်ထဲမှာ တိရိစ္ဆာန် အစာလေးတွေ ထည့်ခဲ့ပေးပြီး အချိန်နဲ့ အစာကျွေးတာလေးတွေလည်း လုပ်လို့ ရတယ်လို့ သိရပါတယ်။

ဒီ အိမ်မွေးတိရစ္ဆာန်ကြည့် ကင်မရာတွေကို ဂျာမနီနိုင်ငံ၊ ဘာလင်မှာ ကျင်းပတဲ့ IFP 2016 ပြပွဲမှာ ပြသခဲ့ပြီး နိုဝင်ဘာလောက်မှာ ဈေးကွက်ထဲ ဖြန့်ဖြူးပေးသွားမယ်လို့ ဆိုပါတယ်။ ကြိုတင်မှာယူမှုတွေ အတွက် ဈေးနှုန်း ၁၆၉ ဒေါ်လာလောက်က စတင် ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref : Mashable “ Acer enters pet-monitoring business with PawBo acquisition “

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top