အိမ်ထောင်သက် ၄၇ နှစ်ရှိတဲ့ ဇနီးမောင်နှံနှစ်ဦး ကိုဗစ်-၁၉ ကြောင့် စက္ကန့်ပိုင်းပဲခြားပြီး ကွယ်လွန်

2-12-2020-yyl-021.jpg

အိမ်ထောင်သက်တမ်း ၄၇ နှစ်ရှိတဲ့ အမေရိကန် ဇနီးမောင်နှံ ၂ ဦးဟာ ကိုဗစ်-၁၉ ရောဂါကြောင့် စက္ကန့်ပိုင်းပဲခြားပြီး ကွယ်လွန်သွားခဲ့ပါတယ်။ အငြိမ်းစားသူနာပြုဖြစ်တဲ့ ပက်ထရစ်ရှာက ကွယ်လွန်ချိန်မှာ အသက် ၇၈ နှစ်ရှိပါပြီ။ သူ့ရဲ့ခင်ပွန်း လက်စလီကတော့ အသက် ၇၅ နှစ်ပါ။ တစ်ဘဝလုံး မခွဲအတူ နေခဲ့ကြတဲ့ သူတို့လင်မယား ၂ ယောက်ဟာ နိုဝင်ဘာလ ၂၂ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၃ မိနစ်အချိန်က မစ်ချီဂန်ပြည်နယ် ဂျက်ဆင်မြို့ဆေးရုံမှာ ကွယ်လွန်ခဲ့ကြတာပါ။

အမေရိကန်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၇၀၀၀၀ ကျော် ရှိနေတယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ကိန်းဂဏန်းအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံတက်ရသူ အရေအတွက်ကလည်း စံချိန်တင် မြင့်တက်လာတဲ့အတွက် သေဆုံးသူဦးရေ ထပ်မံမြင့်တက်လာမှာကို ကျန်းမာရေးပညာရှင်တွေက စိုးရိမ်ပူပန်နေကြပါတယ်။

Ref: New York Post ” Couple married for 47 years die of COVID at the same time”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top