ကောက်သော် မစားလောက်၊ ဖြောင့်သော် စားမကုန်

2018_Suzuki_Swift_SZ5_Boosterjet_SHVS_1.0_Front-e1563718790707.jpg

ဒီစကားပုံဟာ ရိုးသားမှုရဲ့ အရေးကြီးပုံကို ပြထားတဲ့ စကားပုံပါပဲ။ မရိုးသားတဲ့ လူတွေ၊ တပါးသူအပေါ်  လိမ်လည်လှည့်ဖျားသူတွေဟာ  အချိန်အတိုင်းအတာ တစ်ခုထိသာ အောင်မြင်ရင် အောင်မြင်မယ်၊ တစ်ချိန်မဟုတ် တစ်ချိန် သူတို့ရဲ့ မကောင်းမှု အပုပ်နံ့ဟာ  သိသိသာသာ နံဟောင်လာပြီး လူ့အသိုင်းအဝိုင်းက ပစ်ပယ်ကြ၊ တိုက်ခိုက်ဝေဖန်ကြတဲ့ ဒဏ်ကို မလွှဲမသွေ ခံရမှာပါ။

ဘယ်လို အနေအထားမှာပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ ရိုးသားမှုဂုဏ်ကို စောင့်ထိန်းထားနိုင်သူတွေကတော့ ကိုယ့်လိပ်ပြာကိုယ်လုံတဲ့ စိတ်နဲ့ အမြဲဂုဏ်ယူဝင့်ကြွားနေနိုင်မှာပါ။

ထင်ရှားတဲ့ ဥပမာ အနေနဲ့တော့ ကားပေါ်မှာ ကျန်ခဲ့တဲ့ ရတနာထုပ်ကို ပြန်ပေးတဲ့ ကိုသန်းထိုက်ကျော်အကြောင်း လူအများစု သိပြီး ဖြစ်မှာပါ။ သိန်းတစ်ထောင်ကျော်တန်တဲ့ ရတနာထုပ်ပေမယ့် ကိုယ့် အပိုင်ပစ္စည်း မဟုတ်ရင် မယူချင်တဲ့ ရိုးသားစိတ်နဲ့ ပြန်ပေးခဲ့တဲ့ အငှားယာဉ်မောင်း ကိုသန်းထိုက်ကျော်ကို ရတနာထုပ်ပိုင်ရှင်က ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ ဆူဇူကီးဆွစ်ဖ် ကားတစ်စီးလည်း ဝယ်ယူဂုဏ်ပြုပေးသွားမယ်လို့ သိရပါတယ်။ ဒီ့အပြင် facebook ပေါ်က တဆင့် ဂုဏ်ပြုကြသူတွေ၊ တလေးတစား ရေးသားဖော်ပြကြတဲ့ သတင်းဌာနတွေအများအပြား ရှိခဲ့ပါတယ်။ ဒါဟာ ရိုးသားမှုကြောင့် ရရှိလာတဲ့ ဆုလာဘ်တွေပါပဲ။

ကိုးကား ။ ။ “လှသမိန်” ပြုစုသည့် “မြန်မာစကားပုံ အဘိဓာန်”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top