“ဝေဖန်တာတွေအတွက် စိတ်လှုပ်ရှားပေမယ့် ဘာပဲပြောပြော ပျော်ရပါတယ်”ဆိုတဲ့ လုလုအောင်

yyl-015.jpg

အလှဓာတ်ပုံတွေနဲ့ အတူ လတ်တလောမှာ နာမည်ကျော်ကြား ရေပန်းစားနေတဲ့ လုလုအောင်ကို ကျွန်တော်တို့ ရိုးရာလေးကနေ ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။

အမေးအဖြေ အစီအစဉ်တွေကို ရိုးရာလေး စာဖတ်သူတွေ သိရအောင် ပြန်လည် မျှဝေလိုက်ရပါတယ်။

ရိုးရာလေး ။ ။ အစ်မက Gym ကစားတာတွေ ၊ အားကစားလိုက်စားတာတွေ facebook မှာ ပုံမှန်တွေ့ရတယ်နော်။ ကျန်းမာကြံ့ခိုင်မှုအတွက် ဘယ်လိုနေထိုင်လေ့ကျင့်ဖြစ်တယ်ဆိုတာ ပရိသတ်ကြီးသိအောင် ပြောပြပေးပါဦး။

လုလုအောင် ။ ။ ဟုတ်ကဲ့ ။ Gymကစားတာတော့ ဘယ်သူဖြစျ္ဖစ် ကောင်းပါတယ်။ အစ်မလည်း အတတ်နိုင်ဆုံးတော့သွားဖြစ်ပါတယ် ။ မအားရင်တောင် အိမ်မှာ နည်းနည်းပါးပါး ဆော့ပါတယ်။

ရိုးရာလေး။ ။ သမီးနဲ့ ပုံကိုလည်း facebook မှာ ခဏခဏ မြင်ရတယ် ခင်ဗျ။  သမီးလေးနဲ့ အတူ ဖြတ်သန်းဖြစ်တဲ့ မိသားစု ဘဝကိုလည်း သိပါရစေ ။

လုလုအောင်။ ။ အလုပ်ချိန်ပြီးရင်တော့ သမီးနဲ့နေတာ များတယ်။ တခုခုချက်စားကြပြီးတဲ့ အခါမှာဆို သူက ဂိမ်းဆော့ရင် ဆော့၊ အစ်မက အိပ်နေရင်အိပ် မအိပ်ရင် ဇာတ်ကားတွေ ကြည့်ရတာ ကြိုက်တယ် ။

ရိုးရာလေး ။ ။ ဒီရက်ပိုင်း လူမှုကွန်ရက်ပေါ်မှာပဲ အစ်မကို ဝေဖန်ပြောဆိုနေကြတာတွေလည်း မြင်ရတယ်။ အဲဒီအတွက်ကိုရော အစ်မအနေနဲ့ ဘယ်လိုများ တုံ့ပြန်ချင်သလဲ မသိဘူးခင်ဗျ။

လုလုအောင် ။ ။ဝေဖန်တာတွေအတွက် ကြောက်ခမန်းလိလိပဲ စိတ်လူပ်ရှားရပါတယ် (ရယ်လျက်) ဘာပဲပြောပြော ပျော်ရပါတယ်။

ရိုးရာလေး ။ ။ကျွန်တော်တွေ့မိသလောက် “ မမဝေဒနာ “ ဆိုတဲ့ MTV တစ်ပုဒ်မှာ အစ်မ ပါဝင်သရုပ်ဆောင်ထားတာကို သတိထားမိပါတယ်။ အဲဒီတုန်းက အစ်မအနေနဲ့ ပထမဆုံးသရုပ်ဆောင် ဖြစ်တာ ထင်တယ်။ အဲဒီ အတွေ့အကြုံလေးကို ပြန်ပြောပြပေးပါဦး။ ပြီးတော့ အဲဒီလို အနုပညာလှုပ်ရှားမှုတွေ အနေနဲ့ရော အခု ဘာတွေ လုပ်နေသေးလဲ။ နောက်ရော ဘာတွေဆက်လုပ်သွားဖြစ်ဖို့ အစီအစဉ် ရှိသလဲ ခင်ဗျ။

လုလုအောင်။ ။ MTV ကတော့ ဖြစ်ပါ့မလားလို့ မရဲတရဲ သရုပ်ဆောင်ခဲ့တာပေါ့။ ဖြစ်ပါ့မလား ဆိုပြီး ထွက်လာတော့ ထင်သလောက် ဆိုးဆိုးဝါးမထွက်လာဘူး။ ဒါရိုက်တာ ညီမမေဘရဏီလည်း တကယ်တော်တယ်။ မောင်လေးလွှမ်းပိုင်လည်း ရယ်စရာကောင်းအောင် သရုပ်ဆောင်နိုင်တာပေါ့။ ပြီးတော့ ဒီသီချင်းနဲ့ လိုက်ဖက်တယ်လို့ ယုံကြည်ပြီး ခေါ်တဲ့ ကိုရွှေမန်း။ အားလုံး ကျေးဇူးတင်တယ်။ ကျွန်မသမီးနဲ့ ၅နှစ် ၊ ၃နှစ်အရွယ် တူ၊တူမတွေဆို ကြိုက်လွန်းလို့ ခဏခဏကြည့်ကြတယ် (ပြုံးရင်း ပြော)

ဘာဆက်လုပ်သွားမလဲဆိုတော့ ဘုရားသခင်ပေးသလောက် အခွင့်အရေးကို ဘုရားသခင်ပေးသလောက် ခွန်အားနဲ့ လုပ်ဆောင်သွားပါမယ်လို့။

ရိုးရာလေး ။ ။ အစ်မကို အားပေးနေတဲ့ ပရိသတ်အတွက်ရော စကားလက်ဆောင်လေး ပါးပေးပါဦးလား။

လုလုအောင် ။ ။ ကျွန်မကို အရှိတိုင်း လက်ခံပေးပြီး အားပေးတဲ့ ပရိတ်သတ်တွေကို တကယ်ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

မေးခွန်းတွေကို ဖြေကြားပေးခဲ့တဲ့ လုလုအောင်ကို ရိုးရာလေးက အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ အခုအမေးအဖြေ ကဏ္ဍလေးကို ဖတ်ရှုနေတဲ့ အထဲက လုလုပရိ်သတ်တွေလည်း ကျေနပ်သဘောကျကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

(ဓာတ်ပုံကို Photo “JH” က ရိုက်ကူးပေးထားတာ ဖြစ်ပြီး လုလုအောင်ရဲ့ ခွင့်ပြုချက်အရ ဒီ အင်တာဗျူးအတွက် သုံးထားတာ ဖြစ်ပါတယ် )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top