အော်စကာဆုရ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင် ခဲ့သည့် ခွေးအလိမ္မာ သေဆုံး

yyl-17-040.jpg

၂၀၁၂ ခုနှစ်က အော်စကာရခဲ့သည့် The Artist ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သော တယ်ရီယာခွေးငယ် Uggie သည် ဆီးကျိတ်ကင်ဆာရောဂါကြောင့် ပြီးခဲ့သည့် သောကြာနေ့တွင် သေဆုံး သွားခဲ့ကြောင်း TMZ သတင်းဌာနက ဖော်ပြသည်။

Uggie သည် သေဆုံးချိန်တွင် အသက်(၁၃)နှစ်ရှိပြီဖြစ်သည်။ Uggie မှာ ခွေးလေခွေးလွင့်များထားသည့် တိရိစ္ဆာန်ရုံတွင် နေရမည့် အနေအထားမှ တိရိစ ၦာန်များ လေ့ကျင့်ပေးရာတွင် ကျွမ်းကျင်သူ အိုမာမူလာက ခေါ်ယူလေ့ကျင့်ပေးခဲ့ပြီးနောက် တိရိစ ၦာန် အလိမ္မာ ပြပွဲများတွင် ပွဲထုတ်ခဲ့သည်။ ထို့နောက် ခွေးအလိမ္မာ Uggie သည် Water for Elephants ဆိုသည့် ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခွင့် ရခဲ့သည်။

Uggie သည် ကိန်း ရုပ်ရှင်ပွဲတော်တွင် ခွေးခြေဖဝါးဆု ရခဲ့သည့် ပထမဆုံးခွေးဖြစ်ပြီး ရွှေလည်စည်းဆုလည်း ရရှိခဲ့သည်။ ထို့အပြင် Uggie ၏ ခြေဖဝါးမှာ ဟောလီးဝုဒ်ရှိ တရုတ်ပြဇာတ်ရုံရှေ့တွင် တံဆိပ်နှိပ် ဖော်ပြခြင်း ခံခဲ့ရသည်။

Uggieကို လေ့ကျင့်ပေးခဲ့သည့် ၎င်း၏သခင် အိုမာမူလာက Uggie ကြုံတွေ့ခဲ့ရသည့် အကြောင်းအရာများကို Uggie – My Story ဆိုသည့် အတ္ထုပ္ပတ္တိ စာအုပ်တွင် ရေးသားဖော်ပြထားပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ထုတ်ဝေခဲ့သည်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top