နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေး ငယ်များအား အခမဲ့ကုသပေးမယ့် ဝိတိုရိယ ကျန်းမာရေး ဖောင်ဒေးရှင်း

5-8-2020-yyl-026.jpg

အောက်တိုဘာ ၃ ရက်နေ့ကနေ အောက်တိုဘာလ ၁၃ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်တွေကို ဝိတိုရိယဆေးရုံမှာ အခမဲ့ ကုသပေးမယ်လို့ သိရပါတယ်။

အဆိုပါ ခွဲစိတ်ကုသမှုတွေကိုတော့ အမေရိကန်နိုင်ငံ Alliance for Smiles Organization နှင့် ဝိတိုရိယ ကျန်းမာရေး ထောက်ပံ့ကူညီစောင့်ရှောက်ရေးဖောင်ဒေးရှင်း က ပူးပေါင်းပြီး ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။

ဝိတိုရိယ ကျန်းမာရေး ဖောင်ဒေးရှင်းဟာ ၂၀၁၄ခုနှစ် မတ်လက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ ၉၈ဦး၊ ဒုတိယအကြိမ် ၂ဝ၁၄ ခုနှစ် အောက်တို ဘာလမှာ ၉၁ ဦး၊ ၂ဝ၁၅ ခုနှစ် အောက်တိုဘာလတမှာ ၈၉ ဦး၊ ၂ဝ၁၆ ခုနှစ် အောက်တို ဘာလမှာ ၉ဝဦး စုစုပေါင်း ၃၆၈ ဦးတို့ကို အောင်မြင်စွာ ခွဲစိတ်ကုသခဲ့တယ်လို့ သိရပါတယ်။

အခုတစ်ကြိမ်ပြုလုပ်မယ့် အခမဲ့ ခွဲစိတ်ကုသမှုတွေကိုတော့ အမေရိကန်နိုင်ငံ Alliance for Smiles Organization က မေ့ဆေးဆရာဝန် ကြီးများ၊ ကလေးဆရာဝန်ကြီးများ၊ ခွဲစိတ်ဆရာဝန် ကြီးများ၊ Plastic Surgery ဆရာဝန်ကြီးများ၊ သူနာပြုများနဲ့ ဝိတိုရိယဆေးရုံကြီးမှ ဆရာဝန်များက ကလေးငယ် ၁၂ဝ ခန့်ကို ကျန်းမာရေး စစ်ဆေးပြီး ခွဲစိတ် ကုသပေးသွားမှာပဲ ဖြစ်ပါတယ်။
Ref: MOI Webportal Myanmar
Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top