ဝပေမယ့် ယောဂကစားနိုင်သူ

fats.jpg

အမေရိကန် ပြည်ထောင်စု Pennsylvania ပြည်နယ်မှာ နေထိုင်တဲ့ အသက် ၂၀ ကျော် အမျိုးသမီး တစ်ဦးဟာ သာမန် မိန်းကလေးများထက် ဝပါတယ်။

ဒါပေမယ့် သူမဟာ ဝပေမယ့် ယောဂ ကို သာမန် မိန်းကလေးများထက် ပိုမို ကျင့်ကြံ ကြိုးစားနိုင်သူ ဖြစ်ပါတယ်။

သူမဟာ သူမရဲ့ ဝလွန်းတဲ့ ခန္ဓာကိုယ်ကို ဂရုမမူပဲ ကြိုးစားခဲ့ရာမှာ ယောဂ ကစားနည်းမှာ ကျွမ်းကျင်နှစ်သက်လာပါတယ်။ စတင်မဆော့ကစားခင်က ယခုထက် ပေါင်ချိန် သုံးပုံတစ်ပုံ ပိုပြီး ကစားပြီး ၃ လ အတွင်းမှာ သိသိသာသာ ကျလာခြင်း ဖြစ်ပါတယ်။ သူမ အနေနဲ့ ယခု လက်ရှိ ဝိတ်ထက် ကျအောင် ယောဂကစားခြင်းဖြင့် ပြုလုပ်ယူသွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။ အစားအသောက်ကိုလည်း ဆင်ခြင် စားသုံးပြီး ယောဂ အားကစား နည်းဖြင့် လက်ရှိ သူမရဲ့ ပေါင်ချိန်များ ကျလာမယ်လို့ ယုံကြည်ထားသူ ဖြစ်ပါတယ်။

ယောဂ ကျင့်စဉ် သို့မဟုတ် ကစားနည်းဟာ အန္ဒိယကနေ စတင်ပြီး လက်ရှိ ကမ္ဘာတစ်လွှားမျာ လိုက်လံ လေ့ကျင့်၊ ကစားသူများ အင်မတန် များပြားလာပြီ ဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top