စမတ်ဖုန်းအဟောင်းတွေကို အကျိုးရှိရှိ အသုံးချနည်းများ

androidpit-recycling-old-smartphones-1.jpg

ကျွန်တော်တို့တွေ ဖုန်းအသစ် ဝယ်လိုက်တဲ့အချိန်တိုင်း အရင် ဖုန်းအဟောင်းကို ပြန်ရောင်းတာ၊ သူများကို ပေးလိုက်တာ အစရှိတာတွေ လုပ်တတ်ကြပါတယ်။ ဖုန်းအသစ်ကလည်း ရှိနေပြီ။ ဖုန်းအဟောင်းကိုလည်း သံယောဇဉ် လုံးဝ မဖြတ်ပစ်ချင်ဘူး။ အဲဒါမျိုးတွေဖြစ်လာရင် အဆင်ပြေစေဖို့ ဖုန်းအဟောင်းကို အကျိုးရှိရှိ အသုံးချလို့ရမယ့် နည်းလေးတွေ ပြောပြလိုပါတယ်။

remote control အဖြစ် ပြောင်းလဲ အသုံးပြုပါ

စမတ်ဖုန်းတွေကို remote control အဖြစ် အသုံးပြုလို့ရတာ သိကြပေမယ့် လက်တွေ့အသုံးပြုတဲ့သူ အတော်နည်းပါတယ်။ ဒါကြောင့် နေရာတကာ မယူသွားတော့မယ့် သင့်ဖုန်းအဟောင်းကို ရီမုတ်တစ်လုံးအဖြစ် လုံးဝ ပြောင်းလဲပစ်လိုက်ပါ။

CCTV လို အသုံးပြုနိုင်ပါတယ်

စမတ်ဖုန်းတွေရဲ့ ကင်မရာအရည်အသွေးက CCTV တွေထက် ပိုကောင်းတာ များပါတယ်။ TrackView လို အပ်ပလီကေးရှင်းမျိုးတွေ အသုံးပြုပြီး သင့်အိမ်ရဲ့ လုံခြုံမှုကို စောင့်ကြည့်နိုင်မှာပါ။

အထိုင်ဖုန်းအဖြစ် အသုံးပြုပါ

သင့်ရဲ့ဖုန်းအဟောင်းကို အိမ်ဖုန်းတစ်လုံးအဖြစ် ပြောင်းလဲအသုံးပြုလိုက်တာက တော်တော်ကို အဆင်ပြေမှာပါနော်။

Google Home အသွင်ပြောင်းလိုက်ပါ

မော်ဒယ် အရမ်းမနိမ့်တဲ့ဖုန်းတွေကို Google Home အဖြစ် ပြောင်းလဲနိုင်ပါတယ်။ ပထမအဆင့်အနေနဲ့ သင့်ဖုန်းက “Okay Google” ဆိုတဲ့ အသံကို နားလည်ပြီး အလုပ်လုပ်နိုင်ရပါမယ်။ နောက်တစ်ဆင့်အနေနဲ့ကတော့ စပီကာတစ်လုံးနဲ့ ချိတ်ဆက်ထားရပါမယ်။ Bluetooth နဲ့ဖြစ်ဖြစ်၊ ကြိုးနဲ့ဖြစ်ဖြစ် အဆင်ပြေသလို ချိတ်လိုက်ပါ။ အရေးကြီးဆုံးအချက်က သင့်ဖုန်းက Google Assistant ကို အသုံးပြုနိုင်ရပါမယ်။ နောက်ဆုံးအဆင့်အနေနဲ့ကတော့ ဖုန်းနဲ့ စပီကာကို အားသွင်းကြိုး အမြဲတပ်ထားလိုက်ဖို့ပါပဲ။ ဒါဆိုရင် Google Home အဖြစ် အသုံးပြုနိုင်ပါပြီနော်။

နှိုးစက်အဖြစ် အသုံးပြုလို့ ရပါတယ်

တစ်ချို့ဖုန်းအဟောင်းတွေက RAM ပမာဏနည်းလွန်းလို့ ဂိမ်းအသေးတွေတောင် မဆော့နိုင်ပေမယ့် နှိုးစက်အဖြစ်တော့ အေးဆေးအသုံးပြုနိုင်ပါတယ်။

Baby monitor အဖြစ် သုံးပါ

ဈေးကွက်ထဲက Baby monitor တွေက ဈေးကြီးပါတယ်။ ဒါကြောင့် Baby monitor အပ်ပလီကေးရှင်းတစ်မျိုးနဲ့အတူ သင့်ဖုန်းအဟောင်းကို Baby Monitor အဖြစ် အသုံးပြုလိုက်ပါ။ Baby Monitor Annie ဆိုတဲ့ အပ်ပလီကေးရှင်းကတော့ သုံးလို့ တော်တော်အဆင်ပြေပါတယ်။

Mp3 player အဖြစ် အသုံးပြုပါ

စမတ်ဖုန်း အဟောင်းတစ်လုံးနဲ့သာဆို နားထောင်ချင်သမျှ သီချင်းတွေကို အဆင်ပြေပြေနဲ့ နားထောင်နိုင်မှာပါ။

ဖိုင်တွေ သိမ်းဆည်းထားတဲ့နေရာအဖြစ် သုံးလိုက်ပါ

Dropbox နဲ့ Google Drive တို့လိုမျိုး cloud service တွေကို မယုံရဲဘူးလား။ ဒါဆိုရင်တော့ “Ftp Server” လိုမျိုး အပ်ပလီကေးရှင်းတွေကို အသုံးပြုပြီး သင့်ဖုန်းအဟောင်းကို ဖိုင်သိမ်းဆည်းတဲ့နေရာအဖြစ် ပြောင်းလိုက်ပါ။

Modem အဖြစ် အသုံးပြုကြည့်ပါ

သင့်ဖုန်းအဟောင်းကတစ်ဆင့် Wifi hotspot လွှင့်ပြီး အင်တာနက် အသုံးပြုနိုင်ပါတယ်။ laptop တွေနဲ့အတူ တွဲသုံးရင်လည်း အဆင်ပြေစေမှာပါ။

အဆင်ပြေပြေ အသုံးပြုနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

Ref: AndroidPIT “11 ingenious ways to make the most of your old smartphone”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top