လူကြိုက်များနေတဲ့ 13 Reasons Why ဇာတ်လမ်းတွဲ

20170505_series3.jpeg

ဒီတစ်ပတ်ပိတ်ရက်မှာ ခံစားချက်ပေါင်းစုံနဲ့ ကြည့်နိုင်မယ့် 13 Reasons Why ဇာတ်လမ်းတွဲကို ညွှန်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ဟာ နိုင်ငံတကာရော၊ ပြည်တွင်းမှာပါ Rating ကလည်း အမြင့်ပိုင်းရှိနေတာပါ။

သင်ဟာ လူငယ်တစ်ယောက်ဖြစ်တယ်ဆိုရင်တော့ ဒီဇာတ်လမ်းတွဲကို ကြည့်သင့်နေပါပြီ။ ဇာတ်လမ်းက ၂၀၀၇ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Best Seller ဝတ္ထူစာအုပ်ပေါ်အခြေခံပြီး ရိုက်ကူးထားတာပါ။

ဇာတ်လမ်းက အထက်တန်းကျောင်းသားဘဝကို အခြေခံရိုက်ကူးထားပြီး ကိုယ်ကို့ကိုယ်သတ်သေသွားတဲ့ ဆယ်ကျော်သက်အရွယ် Hannah ဆိုတဲ့ကောင်မလေးအကြောင်းပါ။ သေဆုံးသွားပြီးတဲ့နောက်မှ သတ်သေသွားရတဲ့အကြောင်းအရင်းကို သူမကိုယ်တိုင်အသံသွင်းထားတဲ့ တိတ်ခွေကို သူမ သူငယ်ချင်း Clay ဆီကို ပို့ထားပြီး နားထောင်ခိုင်းတာပါ။ Clay က Hannah ကို သဘောကျနေသူ။ Clay သိသွားတာက သူတစ်ယောက်တည်းကို တိတ်ခွေပို့တာမဟုတ်ဘဲ အခြားသူတွေကိုလည်း ပို့ထားတယ်ဆိုတာပါ။

Hannah က သေဆုံးရတဲ့ အကြောင်းအရင်း ၁၃ချက်ပါတဲ့ တိတ်ခွေ ၁၃ခွေကို သူငယ်ချင်း ၁၃ ယောက်ကို ပိုခဲ့လိုက်ပါတယ်။ ဇာတ်လမ်းထဲမှာ Hannah က သေဆုံးပြီးသူ တစ်ဦးဖြစ်ပေမယ့် ပစ္စပ္ပန်မှာ နားထောင်နေတဲ့ တိတ်ခွေတွေကနေ သူသတ်သေခဲ့ရစေတဲ့ အတိတ်က အဖြစ်အပျက်တွေကို ပြန်ပြောင်းပြတဲ့ ပုံစံပါ။ဒီSeason 1 ဇာတ်လမ်းတွဲမှာ Hannah နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီးသစ် Katherine Langford နေရာမှာ ဒီဇာတ်လမ်းတွဲရဲ့ Producer တစ်ဦးဖြစ်တဲ့ အဆိုတော် Selena Gomez က ပါဝင်သရုပ်ဆောင်ဖို့ စီစဉ်ထားပေမယ့် မပါဝင်ဖြစ်ခဲ့ပါဘူး။

အထက်တန်းကျောင်းသားဘဝမှာ ဘယ်သူ့ကြောင့် Hannah ဟာ သတ်သေသွားခဲ့ရတာလဲ။ ဘယ်သူတွေက အနိုင်ကျင့်ခဲ့တာလဲ။ Hannah သေဆုံးခဲ့ရတဲ့အကြောင်းကို လိုက်လံရှာဖွေခဲ့တဲ့ Clay ကိုယ်တိုင်ကရော Hannah သတ်သေစေခဲ့ရတဲ့ အကြောင်းရင်းထဲမှာ ပါခဲ့သေးလား။ ဒီဝမ်းနည်းမှုတွေနဲ့ Hannah တစ်ယောက်ခံစားပြီး ဘယ်လိုသတ်သေသွားတာလဲ ဆိုတာ အပိုင်းတစ်ခုချင်းစီလိုက် အချိတ်ဆက်မိမိ ရိုက်ပြထားတာပါ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top