မိဘမဲ့ဂေယာမှာ ၁၀ နှစ်နေထိုင်ခဲ့ရတဲ့ ဆယ်ကျော်သက်ကောင်မလေး ထာဝရနေထိုင်ရမယ့်အိမ် တွေ့ရှိခဲ့ပြီ

19-11-2020-yyl-020.jpg

မိဘမဲ့ကလေးတွေရဲ့ဘဝဟာလည်း သူတို့ကို မွေးစားမဲ့မိသားစု၊ သူတို့ ထာဝရနေထိုင်ရမယ့် အိမ်ကို မျှော်လင့်နေကြရတာပါ။ ကင်တပ်ကီပြည်နယ်က အသက် ၁၇ နှစ်အရွယ် ကောင်မလေးကလည်း မိဘမဲ့ဂေဟာမှာ (၁၀) နှစ်လောက် နေထိုင်ခဲ့ရတာပါ။ အခုတော့ သူဟာ ထာဝရနေထိုင်ရမယ့်အိမ်ကို ရှာတွေ့သွားခဲ့ပါပြီ။ အာကီရာ ဟိုစတိန်း (Akyra Holstein) ကို ကေတီ ဟိုစတိန်းက စက်တင်ဘာ ၂၅ ရက်နေ့က မွေးစားလိုက်တာဖြစ်ပါတယ်။ အာကီရာက အခုလိုမွေးစားမခံရခင်က ရက်ပေါင်း ၃၇၃၉ ရက်ကျော်ကို မွေးစားမဲ့ အိမ် (၂၄) နေရာမှာ ပြောင်းရွှေ့နေထိုင်ရင်းနဲ့ အချိန်ကုန်ဆုံးခဲ့ရပါတယ်။

အာကီရာကို မွေးစားခဲ့တဲ့ ကေတီကတော့ အာကီရာနဲ့ပတ်သက်ပြီး ကြိုက်တဲ့အရာက သူ အခက်အခဲတွေ၊ ဒုက္ခတွေကို ကြံ့ကြံ့ခိုင်နိုင်တာဖြစ်တယ်လို့ဆိုပါတယ်။ မိဘမဲ့ဂေဟာမှာ နှစ်အကြာကြီး နေထိုင်ခဲ့ရပေမဲ့ သူတို့မိသားစုနဲ့တွေ့ဖို့ အခွင့်အရေးရခဲ့တယ်လို့ ကေတီက ပြောပါတယ်။ ကေတီက ၂၀၁၇ခုနှစ် သြဂုတ်လကတည်းက မိဘမဲ့ကလေးတွေကို စောင့်ရှောက်ပေးခဲ့တာာပါ။ ခဏတာစောင့်ရှောက်ပေးတဲ့အစီအစဉ်နဲ့ အခြားမွေးစားမိဘတွေကိုလည်း ကူညီပေးခဲ့ပါတယ်။ အာကီရာက ခဏတာစောင့်ရှောက်ပေးမှုကနေတဆင့် ၂၀၁၉ခုနှစ် မတ်လမှာ ကေတီရဲ့စောင့်ရှောက်ပေးမှုကို ခံခဲ့ရပါတယ်။ ကေတီက အာကီရာကို အပြီးအပိုင်မမွေးစားခင်မှာ ခဏတာစောင့်ရှောက်ပေးတဲ့အနေနဲ့ အာကီရာက ကေတီရဲ့အိမ်မှာ လတော်တော်ကြာ နေထိုင်ခဲ့ဖူးပါတယ်။

ကေတီက သောမတ်စ်ဆိုတဲ့ ကလေးလေးအပါအဝင် အာကီရာကို မမွေးစားခင်မှာ ကလေးတော်တော်များများကို စောင့်ရှောက်ပေးနေတာပါ။ ကေတီက အာကီရာရဲ့တောင်းဆိုမှုကြောင့် အာကီရာနဲ့ (၁) နှစ်အရွယ်သောမတ်စ်တို့ကို တစ်နေ့တည်းမှာပဲ မွေးစားခဲ့ပါတယ်။ ကေတီကတော့ အာကီရာအတွက် မီးခင်းထားတဲ့လမ်းဆိုရင်လည်း လျှောက်မှာဖြစ်ပြီး အာကီရာ ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်တဲ့သူဖြစ်မယ်လို့ ယုံကြည်ထားကြောင်း ပြောပါတယ်။

အာကီရာက နောက်နှစ်မေလမှာ အထက်တန်းကျောင်းပြီးမှာဖြစ်ပါတယ်။ ကေတီက အာကီရာကို အိမ်နဲ့ခွဲမနေရအောင် အနီးနားက ကောလိပ်ကို တက်စေချင်ပေမဲ့ အာကီရာကတော့ ဥပဒေပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုချင်တာကြောင့် အဝေးမှာ သွားတက်ချင်နေတယ်လို့ ကေတီက ပြောပါတယ်။

Ref: ABCNews “17-year-old is adopted after 3,739 days in foster care and 24 different homes”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top