(၃) ရက်တည်းနဲ့ မျက်နှာပေါ်က ချွေးပေါက်လေးတွေကို နှုတ်ဆက်လိုက်ကြမယ်

closeup-face-of-a-beautiful-woman-with-a-smoky-7GB3FZT.jpg

(၃) ရက်တည်းနဲ့ မြင်မကောင်းလောက်အောင်ကျယ်နေတဲ့ ချွေးပေါက်တွေအားလုံးကို တာ့တာပြမှာပါနော်။ ဒီ challenge လေးကို လုပ်ရမယ့်ရက်က (၃) ရက်တည်းမို့ ပျင်းစရာလည်း မလိုပါဘူး။

ချွေးပေါက်ကျယ်တယ်ဆိုတာကလည်း လူတိုင်းနဲ့ စိမ်းနေပြီးသား မဟုတ်တဲ့ အရေပြားပြဿနာ တစ်ခုပါ။ သူဆိုသည်မှာကလည်း အသက်ကြီးလာတာနဲ့အမျှ ပိုပိုကျယ်လာလေပါပဲ။ မိန်းကလေးတွေအတွက်ဆို ကြည့်ရဆိုးပြီး မိတ်ကပ်လိမ်းတဲ့နေရာမှာ အလွန်တရာမှ အခက်တွေ့စေပါတယ်။ ဒီ ချွေးပေါက်ကျယ်တွေသာ မျက်နှာမှာ ရှိနေဦးမယ်ဆို သင်မျှော်လင့်ထားတဲ့ အပြစ်ကင်းစင်တဲ့ အလှတရားကိုလည်း ဘယ်လိုမှ မပိုင်ဆိုင်နိုင်ပါဘူး။

ဓာတုပစ္စည်းတွေပါဝင်တဲ့ အရေပြားထိန်းသိမ်းမှုတွေနဲ့ အမျိုးမျိုးကုသနေမဲ့အစား ဘေးထွက်ဆိုးကျိုးနည်းပြီး ထိရောက်မှုလည်းရှိတဲ့ သဘာဝပစ္စည်းလေးတွေနဲ့ ကုသကြည့်စေချင်ပါတယ်။ ဘယ်လိုကုသရမယ်ဆိုတာကိုတော့ ဆက်ကြည့်လိုက်ကြရအောင်ပါ။

ရှားစောင်းလက်ပပ်

ဂျယ်လ်သန့်ရှင်းတဲ့ ရှားစောင်းလက်ပပ် အနှစ်ကို ညအိပာ်မဝင်ခင် မျက်နှာပြင်တစ်ခုလုံး လိမ်းပြီး အိပ်ပေးပါ။ မနက် မိုးလင်းလာရင်တော့ ကြက်သီးနွေးရေလေးနဲ့ ဆေးချပေးလိုက်ပါ။ ရှားစောင်းလက်ပပ်ဂျယ်လ်က သင့်ရဲ့ အသားအရေကို ရေဓာတ် ဖြည့်တင်းပေးနိုင်ပြီး ချွေးပေါက်တွေကို ကျဉ်းစေနိုင်တဲ့အပြင် အဆီပြန်ခြင်းကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

ပန်းသီးရှာလကာတိုနာ

ပန်းသီး ရှာလကာရည်ကို တိုနာအနေနဲ့လည်း သုံးလို့ရပါသေးတယ်။ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေ (၅) ဇွန်းနဲ့ရောပြီး ဖြန်းဘူး (spray bottle) ထဲထည့်ကာ တိုနာအနေနဲ့ အသုံးပြုလို့ရပါတယ်။ မျက်နှာပေါ်ဖြန်းပြီး ခြောက်အောင်ထားကာ နောက်ဆုံးမှ အစိုဓာတ်ထိန်းခရင် (moisturizer) ကို လိမ်းပေးပါ။ ချွေးပေါက်တွေကို ကျဉ်းစေနိုင်တဲ့အပြင် ရေဓာတ်ကိုလည်း ထိန်းညှိပေးပြီး ပြင်ပက ဝင်ရောက်လာမယ့် ပိုးမွှားတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ကြက်ဥအကာ

ကြက်ဥအကာက မျက်နှာပေါ်က ကျယ်နေတဲ့ ချွေးပေါက်လေးတွေကို အရှင်း ပျောက်ကင်းစေနိုင်ပါတယ်။ ကြက်ဥအကာ တစ်လုံး၊ အုတ်ဂျုံမှုန့် (၂) ဇွန်း၊ သံပရာရည် (၂) ဇွန်းတို့ကို သမအောင် ရောမွှေပေးပါ။ ၎င်း အရောအနှောကို face mask အနေနဲ့ မျက်နှာပေါ်တင်ပြီး နာရီဝက်လောက်ထားပါ။ ပြီးရင်တော့ ရေအေးလေးနဲ့ ဆေးချလိုက်ပါ။ သိသာတဲ့ရလဒ်ကို လိုချင်တယ်ဆိုရင်တော့ နေ့စဉ် ပုံမှန်လေးပြုလုပ်ပေးပါ။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ (၁) ဇွန်း ရေ (၁) ဇွန်းကို ရောပြီး သမအောင်မွှေပေးပါ။ ပြီးရင်တော့ ၎င်း အရောအနှောကို မျက်နှာပေါ် (၁) မိနစ်လောက်ထားပြီး ရေအေးလေးနဲ့ ဆေးချလိုက်ပါ။ (၁) မိနစ်ထက် ပိုမထားပါနဲ့နော်။ မုန့်ဖုတ်ဆိုဒါက ပြင်းလွန်းတဲ့အတွက် အသားလောင်တတ်ပါတယ်။ နောက်ထပ် မုန့်ဖုတ်ဆိုဒါက အသားလည်းခြောက်စေတဲ့အတွက် လုပ်ပြီးတိုင်း moisturize လေး ပြန်လိမ်းပေးပါ။

အခုပြောပြပေးခဲ့တဲ့ နည်းတွေအားလုံးကို (၃) ရက်လုံး ပုံမှန်လေး ပြုလုပ်ပေးပါ။ ချွေးပေါက် အကျဉ်းအကျယ်ပေါ်မူတည်ပြီး စိတ်ကျေနပ်စရာကောင်းတဲ့ ရလဒ်တွေကို သိသိသာသာ တွေ့ရပါလိမ့်မယ်။

Ref: Pinterest “3 DAYS AND ALL OPEN PORES WILL DISAPPEAR FROM YOUR SKIN FOREVER”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top