Telecomasia Awards 2019 ၏ Telecom CEO of the Year ဆုအား Viettel Group ၏ ဒုဥက္ကဌ Mr. Nguyen Thanh Nam ရရှိ

Mytel-Former-CEO-1.jpg

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် Mytel သည် ယခင် Mytel ၏ CEO အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုလက်ရှိတွင် Viettel Group ၏ ဒုဥက္ကဌ ရာထူးဖြင့်ဆောင်ရွက်နေသော Mr. Nguyen Thanh Nam အား telecomasia Awards 2019 တွင် Telecom CEO of the Year ဆုရရှိခဲ့သောကြောင့် အထူးဂုဏ်ယူကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ Mr. Nguyen Thanh Nam သည် Mytel ၏ ရှေးဦးလုပ်ငန်းလည်ပတ်မှုများတွင် ကြီးမားသောပံ့ပိုးထောက်ပံ့မှုများပြုလုပ်ခဲ့ပြီး မကြာတော့မည့်အနာဂတ်တွင် ကုမ္ပဏီအား ကွန်ရက်ဆိုင်ရာအခြေခံအဆောက်အဦးနှင့် စီးပွားရေးလုပ်ငန်းများတွင် အကြီးမားဆုံးအော်ပရေတာဖြစ်လာစေရန် လမ်းကြောင်းချမှတ်ပေးခဲ့သည်။

“အခုလို Telecom Asia Awards ရဲ့ ဦးဆောင်မှုကဏ္ဍအတွက် အသိအမှတ်ပြုခံရပြီး ဆုရရှိတဲ့အတွက် တကယ်ကိုဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီဆုက ကျွန်တော် တစ်ယောက်ထဲကို ကိုယ်စားပြုတာမဟုတ်ပဲ Mytel နဲ့ ဝန်ထမ်းတွေအားလုံးကိုလဲ ကိုယ်စားပြုပါတယ်။ ကျွန်တော့်အနေနဲ့ ဆက်သွယ်ချိတ်ဆက်ရေးဟာ လူ့အဖွဲ့အစည်းရဲ့ စံချိန်စံနှုန်းကို မြှင့်တင်တဲ့နေရာမှာ အရမ်းအရေးပါတယ်လို့ ယုံကြည်တာကြောင့် Mytel အနေနဲ့ လုပ်ငန်းစတင်ကတည်းက မြန်မာနိုင်ငံကသုံးစွဲသူတွေအားလုံးရဲ့လုပ်ဆောင်နိုင်မှုစွမ်းအားကို ပိုမိုအားကောင်းလာအောင် မြှင့်တင်ပေးလိုတဲ့ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ဒီစီမံကိန်းက တကယ်ကို ကြီးမားကျယ်ပြန့်ပြီး ဒီလုပ်ငန်းကြီးကို အခုလက်ရှိ Mytel ရဲ့ CEO အဖြစ်တာဝန်ယူဆောင်ရွက်နေတဲ့ Mr. Nguyen The Nghia နဲ့ ဝန်ထမ်းတွေအားလုံးက တူညီတဲ့ရည်မှန်းချက်နဲ့ ဆက်လက်လေုပ်ဆောင်သွားမယ်လို့ အပြည့်အဝယုံကြည်ပါတယ်။ နောက်တစ်ခု ပြောချင်တာကတော့ ဒီဆုအတွက် နောက်ဆုံးအဆင့်ထိ အသိအမှတ်ပြုရွေးချယ်ခံရတဲ့ကုမ္ပဏီတွေထဲက ဦးဆောင်သူသုံးဦးကိုလည်း လေးစားစွာနဲ့ဂုဏ်ပြုပါတယ်” ဟု Mr. Nguyen Thanh Nam မှ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆက်သွယ်ရေးဈေးကွက်သို့ စတုတ္တမြောက်လိုင်စင်ရ ဆက်သွယ်ရေးအော်ပရေတာအဖြစ် ဝင်ရောက်ခဲ့ပြီး အချိန်တိုအတွင်းမှာပင် သုံးစွဲသူအခိုင်အမာရရှိနေပြီဖြစ်သော Mytel အား ဆက်သွယ်ရေးလောက၏ အတွေ့အကြုံရင့် ထိပ်တန်းခေါင်းဆောင်များက ဦးစီးဦးဆောင်ပြုခဲ့ခြင်းမှာ ကုမ္ပဏီအတွက် အထူးဂုဏ်ယူစရာပင်ဖြစ်သည်။ Viettel Group ၏ ဒုဥက္ကဌရာထူးသို့ တိုးမြှင့်လွှဲပြောင်းခြင်းမတိုင်မီတွင် Mr. Nguyen Thanh Nam မှ Mytel ၏ CEO ရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး လုပ်ငန်းစတင်ချိန် (၃) လအတွင်းတွင် သုံးစွဲသူအရေအတွက် (၃) သန်း ရရှိခဲ့သောကြောင့် ဆက်သွယ်ရေးလောက၏ သမိုင်းဝင်တိုးတက်မှုနှုန်းတစ်ခုအဖြစ်လည်း မှတ်တမ်းတင်နိုင်မည်ဖြစ်သည်။

Mytel သည် မြန်မာနိုင်ငံအတွက် လိုအပ်သည့်အရာများကို အဘက်ဘက်မှတက်စွမ်းသ၍ ကူညီပံ့ပိုးသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံဆက်သွယ်ရေးဈေးကွက်၏ ခေတ်မီအဆန်းသစ်ဆုံးနှင့် ဂရုအစိုက်ဆုံး ဆက်သွယ်ရေးအော်ပရေတာအဖြစ်ရပ်တည်လျက်ရှိသော Mytel သည် ၎င်း၏ အကြီးမားဆုံးနှင့် ဆန်းသစ်တီထွင်မှုရှိသော ကွန်ရက်အခြေခံအဆောက်အဦများ၊ သုံးစွဲသူများ၏ လိုအပ်ချက်ကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မည့်ဝန်ဆောင်မှုများနှင့်အတူ မြန်မာနိုင်ငံအတွက် ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲမှုတစ်ခု ယူဆောင်လာပေးရန်လည်း ရည်ရွယ်ထားသည်။

Telecomasia Awards 2019 တွင် Mytel ၏ အစုရှယ်ယာဝင်ဖြစ်သော Viettel (Viettel Business Solutions, A Viettel Group Company) သည် ဆန်းသစ်တီထွင်မှုအပိုင်းကဏ္ဍအတွက် The Most Innovative Smart Cities Project ဆုရရှိခဲ့သည်။ လေးစားထိုက်သောဂုဏ်သရေရှိအကဲဖြတ်ဒိုင်အဖွဲ့မှ သေချာစွာစိစစ်ရွေးချယ်ပေးပြီး အသိအမှတ်ပြုပေးခဲ့သည့်အတွက် Mytel နှင့် Viettel တို့မှအထူးဝမ်းမြောက်ရသည့်အပြင် Telecom Asia Awards (ဒေသတွင်းအရှည်ကြာဆုံးသက်တမ်းရှိပြီး ဆက်သွယ်ရေးလောကအတွက် အထူးဂုဏ်ယူထိုက်သောဆုများချီးမြှင့်ပေးနေသည့်အဖွဲ့အစည်းကြီး) ၏ လူအများရှေ့မှောက်ပေးအပ်ခဲ့သောအောင်မြင်မှုများကို ဂုဏ်ယူမဆုံးရှိနေမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top