Mytel မှ မြန်မာနိုင်ငံအတွက် eSIM နည်းပညာကို ပထမဦးဆုံးယူဆောင်လာပေးမည်

E-sim-Pic-1.jpg

မြန်မာနိုင်ငံရဲ့ ခေတ်မီအဆန်းသစ်ဆုံး နှင့် ဂရုအစိုက်ဆုံး ဆက်သွယ်ရေးအော်ပရေတာ Mytel က မြန်မာနိုင်ငံရှိ သုံးစွဲသူတွေကို eSIM အသုံးပြုနိုင်စေရန် ပထမဆုံး ယူဆောင်လာပေးတဲ့ အော်ပရေတာဖြစ်ပြီး အစမ်းရောင်းချကာလအဖြစ် ဧပြီလ (၈) ရက်နေ့မှ မေလ (၇) ရက်နေ့အထိ သတ်မှတ်ထားကာ eSIM ကို Mytel အရောင်းဆိုင်တွေမှာ ပုံမှန်ဆင်းကဒ်ဈေးနှုန်း (၁,၅၀၀) ကျပ်အတိုင်း ဝယ်ယူသုံးစွဲနိုင်ကြမှာဖြစ်ပါတယ်။

Mytel နဲ့ လက်တွဲပူးပေါင်းလုပ်ကိုင်လျက်ရှိပြီး နောက်ဆုံးပေါ်နည်းပညာတွေကို ထောက်ပံ့ပေးလျက်ရှိတဲ့ Viettel မှလည်း ဗီယက်နမ်နိုင်ငံအတွက် eSIM အစမ်းစတင်သုံးစွဲမှုကို မကြာသေးခင်ကမှ မိတ်ဆက်ပေးခဲ့ပါတယ်။ Mytel အနေဖြင့် ဆက်သွယ်ရေးလောကရဲ့ ကြီးမားတဲ့ တီထွင်ဆန်းသစ်မှုတစ်ခုအဖြစ် အားလုံးက အသိအမှတ်ပြုကြပြီး အကြောင်းအရင်းအမျိုးမျိုးကြောင့် စမတ်ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီတွေ၊ ဆက်သွယ်ရေး အော်ပရေတာတွေနဲ့ သုံးစွဲသူတွေကြား စိတ်ဝင်စားမှုတွေ၊ စိတ်လှုပ်ရှားမှုများဖြစ်စေတဲ့ နည်းပညာရေစီးကြောင်း တစ်ခုဖြစ်တဲ့ eSIM ကို မြန်မာနိုင်ငံရှိ သုံးစွဲသူတွေကိုလည်း စမ်းသပ်အသုံးပြုစေလိုခြင်းဖြစ်ပါတယ်။

eSIM က စမတ်ဖုန်းတွေမှာ ထည့်သွင်းမြုပ်နှံထားတဲ့ အီလက်ထရောနစ်ဆင်းကဒ်ဖြစ်ပြီး မိမိရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေနဲ့ အသုံးပြုနေတေဲ့ ကွန်ရက်ဆိုင်ရာဒေတာတွေကို physical ဆင်းကဒ်မလိုပဲ သိမ်းဆည်းအတည်ပြုနိုင်တဲ့ ဒစ်ဂျစ်တယ်ဆင်းကဒ်စနစ်လည်းဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေးသုံးဖြစ်စေ၊ ကိုယ်ရေးကိုယ်တာအတွက်ဖြစ်စေ အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဖုန်းနံပါတ်တစ်ခုထက်ပိုပြီး ကိုင်ဆောင်ထားတဲ့ သုံးစွဲသူတွေအတွက်လည်း ဆင်းကဒ် ထည့်သွင်းဖို့ နေရာ (Sim Card Slot) အတွက် ကြောင့်ကြရမှု နှင့် physical ဆင်းကဒ်ပျောက်ဆုံးမှု၊ ပျက်စီးမှုများ မရှိတော့တဲ့အတွက် ကွန်ရက်အသုံးပြုရာမှာ အကောင်းမွန်ဆုံးအတွေ့အကြုံကို ခံစားရရှိနိုင်ကြမှာဖြစ်ပါတယ်။

နိုင်ငံရပ်ခြားကို ခရီးမကြာခဏသွားရောက်လေ့ရှိတဲ့ ခရီးသွားတွေက roaming သီးသန့် eSIM ထည့်သွင်းထားနိုင်ခြင်းကြောင့် သူတို့ရဲ့လက်ရှိအသုံးပြုနေတေဲ့ဆင်းကဒ်ကို ထုတ်ခြင်း၊ သွားရောက်သောနိုင်ငံရှိ ကွန်ရက်မှ ဆင်းကဒ်တွေကို ပြန်လည်ဝယ်ယူအသုံးပြုရခြင်းစသည့် အခက်အခဲတွေကို နည်းပါးစေသောကြောင့်လည်း eSIMက ခရီးသွားများအတွက် အလွန်အဆင်ပြေစေပါတယ်။ Mytel eSIM အသုံးပြုသူတွေအနေနဲ့မကာအို၊ အင်ဒိုနီးရှား၊ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ကနေဒါ နဲ့ အခြားသော နိုင်ငံပေါင်း (၁၂) နိုင်ငံရှိ eSIM နည်းပညာထောက်ပံ့တဲ့ ဆက်သွယ်ရေးကွန်ရက်တွေကို ပြောင်းလဲချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

eSIM နည်းပညာအသုံးပြုရန်သင့်တော်တဲ့ စမတ်ဖုန်းတွေမှာ iOS 12.1 နဲ့အထက်ရှိတဲ့ iPhone XS၊ iPhone XS Max၊ iPhone XR ဖြစ်ပြီး မကြာတော့မည့်အနာဂတ်မှာ အခြားသောစမတ်ဖုန်းများမှာ ထောက်ပံ့ သုံးစွဲသွားနိုင်ရန် မျှော်လင့်ရပါတယ်။

စမတ်ဖုန်းမှာ physical ဆင်းကဒ် တစ်ခုနဲ့ eSIM တစ်ခုထက်မက ထည့်သွင်းထားနိုင်ပြီး physical ဆင်းကဒ်ကို ဦးစားပေး (primary) နဲ့ eSIM ကို ဒုတိယဦးစားပေး (secondary) အဖြစ်အသုံးပြုနိုင်ပါတယ်။ Physical ဆင်းကဒ် အသုံးမပြုလိုသူတွေအတွက် eSIM ကို primary သို့မဟုတ် secondary ထား အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ eSIM နှစ်ခုကို တစ်ချိန်တည်းပြိုင်တူသုံးစွဲနိုင်မှာမဟုတ်ပဲ တစ်ချိန်လျှင်တစ်ခုသာ အဓိကထား သုံးစွဲနိုင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဆက်သွယ်ရေးဈေးကွက်ကို နောက်ဆုံးမှဝင်ရောက်လာသော်လည်း အချိန်တိုအတွင်း သုံးစွဲသူ (၅) သန်းခန့် အခိုင်အမာရရှိနေတေဲ့ Mytel က သုံးစွဲသူတွေအားလုံးအတွက် နောက်ဆုံးပေါ်နည်းပညာတွေ၊ ဝန်ဆောင်မှုတွေနဲ့ ထုတ်ကုန်တွေ ယူဆောင်လာပေးနေပြီး မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ မိုဘိုင်းလ်သုံးစွဲမှု နဲ့ ကွန်ရက် သုံးစွဲမှုအတွေ့အကြုံ ကောင်းမွန်စေပြီး လုပ်ဆောင်မှုစွမ်းရည်တွေတိုးတက်လာစေရန် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top