မှန်ကန်တဲ့အလုပ်အကိုင်တစ်ခုကို ရွေးချယ်မိစေဖို့စဉ်းစားရမယ့်အဆင့် (၄) ဆင့်

student-choice-options-education-or-career-1068x600.jpg

ဘဝမှာ အလုပ်တစ်ခုကို အပေါ်ယံအမြင်နဲ့ ကောင်းတယ်ထင်လို့ဝင်လုပ်ပြီးမှ မှားသွားပြီဆိုတာ ကြုံဖူးကြတဲ့ဝန်ထမ်းတွေရှိမှာပါ။ အထူးသဖြင့် အလုပ်စဝင်ချင်းမှာ ဒီလိုအဖြစ်နဲ့ ကြုံတွေ့ရမယ်ဆိုရင် နောက်တစ်ခါပြန်မသွားချင်လောက်အောင် အဲဒီအလုပ်ကိုမုန်းသွားသူတွေလည်းရှိပါလိမ့်မယ်။ ဒီလိုတွေမဖြစ်ရအောင် မှန်ကန်တဲ့အလုပ်အကိုင်ရွေးချယ်ဖို့ အဆင့် (၄) ဆင့်ကို ဖော်ပြပေးချင်ပါတယ်။

၁။ ဘယ်အရာကိုနှစ်ခြိုက်သဘောကျလဲဆိုတာ ဆန်းစစ်ပါ

ကိန်းဂဏန်း၊ စာရင်းအင်း၊ စီမံကိန်းချရခြင်း ၊ ဒီဇိုင်းပညာ စသဖြင့် မိမိ ကြိုက်နှစ်သက်တဲ့ အရာတွေကို စာရင်းလုပ်ပါ။ အခြားသူတွေရဲ့ အလုပ်အကြောင်းနဲ့ သူတို့ရဲ့အလုပ်မှာ ဘာကို သဘောတွေ့လဲဆိုတာ မေးမြန်းပါ။ သင်က သတင်းအတတ်ပညာကို စိတ်ဝင်စားတယ် ဆိုကြပါစို့။ ဒါဆိုရင် ဒီပညာနဲ့ အသုံးချလို့ရတဲ့ အလုပ်တွေကိုလည်း စဉ်းစားထားပါ။ သတင်းထောက်၊ သတင်းရေးသားသူ၊ သတင်းကြေညာသူ စသဖြင့် အလုပ်တွေရှိတဲ့ထဲမှာမှ ကိုယ်စိတ်ဝင်စားမယ့်အလုပ်ကို အသေးစိတ် ကြိုလေ့လာထားပါ။

၂။ အလုပ်နဲ့ပတ်သက်ပြီး တတ်နိုင်သမျှ စိတ်ထဲရှိတဲ့အတိုင်းချိန်ဆကြည့်ပါ

ဘယ်အရာကိုမြတ်နိုးလဲ။ အကောင်းဆုံးလုပ်နိုင်တာ ဘာဖြစ်မလဲ။ ဘယ်အလုပ်က လစာကောင်းမလဲတွေးပါ။

၃။ စူးစမ်းမေးမြန်းပြီး အချက်အလက်စုဆောင်းပါ

ဒီအချက်က အဓိကကျတဲ့အချက်ဖြစ်ပေမဲ့ လူတော်တော်များများက ကျော်သွားကြပါတယ်။ ကိုယ့်ရှေ့ကစီနီယာတွေကိုရှာပြီး ဆက်သွယ်မယ်။ အချက်အလက်စုဆောင်းမယ် ။ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေကို သူတို့အလုပ်ရှုထောင့်နဲ့ဆုံးဖြတ်ပြီးပြောပေးမယ်ဆိုရင် စုံလင်စွာသိရပါတယ်။ အွန်လိုင်းကအလုပ်ကြော်ငြာတွေ လိုက်လျှောက်ပြီး ဂျင်းမိတာထက်စာရင် တော်သေးတာပေါ့။

၄။ လမ်းကြောင်းရွေးပြီးတာနဲ့ စတင်လုပ်ဆောင်ပါ

အချက်အလက် အားလုံးစုဆောင်းပြီးပြီဆိုရင် ဘယ်အလုပ်အကိုင်ကိုရွေးချယ်မလဲဆိုတာ ရှင်းရှင်းလင်းလင်းသိလောက်ပါပြီ။ ကိုယ်ရွေးချယ်လိုက်တဲ့အလုပ်ထဲမှာ ဂျင်ဂျင်လည်နေပြီဖြစ်တဲ့လူတွေရဲ့ အတွေ့အကြုံတွေကိုသင်ခန်းစာယူပြီး ကိုယ့်လမ်းကြောင်း ကိုယ်ဖောက်ပါ။ ပထမဦးဆုံး ကိုယ်ကျင်လည်ချင်တဲ့လုပ်ငန်းအမျိုးအစား၊ ဒီလုပ်ငန်းမှာ ဘယ်ကုမ္ပဏီကိုရွေးမလဲ။ ဘယ်လို ရာထူးမျိုးရချင်လဲ အစရှိတာတွေကိုစဉ်းစားပြီးပြီဆိုရင်တော့ အလုပ်အကိုင်စနိုင်ပါပြီ။

Ref: newsrepublic.net “4 Steps to help you choose the right career”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top