ဆွမ်းဆန်ထဲ ကြွက်ချေးရော

7.12.2019.jpg

အဖွဲ့အစည်းတစ်ခု၊ အသင်းအဖွဲ့တစ်ခုဟာ ကောင်းတယ်လို့ ယေဘုယျအားဖြင့် အများက ယူဆထားသည့်တိုင်အောင် အဲဒီအဖွဲ့တွေထဲမှာ အဖွဲ့အစည်းနာမည်ကို ဖျက်မယ့်သူတွေ ရှိနေ၊ ပါဝင်နေတတ်ပါတယ်။

အဲဒါကြောင့်မို့ အဖွဲ့အစည်းအနေနဲ့ ကောင်းမွန်တဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်နေရင်တောင်၊ ဒါမှမဟုတ် အဖွဲ့အစည်းထဲက လူတော်တော်များများဟာ ကောင်းတဲ့လူတွေချည်း ဖြစ်နေရင်တောင် အဖွဲ့ဝင်အားလုံး တစ်ယောက်မကျန်တော့ ကောင်းချင်မှကောင်းမယ်ဆိုတဲ့ သဘောကို နားလည်ထားရမှာဖြစ်ပါတယ်။ ဒီနည်းတူပဲ အဖွဲ့အစည်းမှာရှိတဲ့ တစ်ဦးတစ်ယောက်မကောင်းရုံနဲ့ တစ်စုတစ်ဖွဲ့လုံးမကောင်းသူတွေပဲလို့ ခြုံငုံကောက်ချက်ချတာကလည်း လက်တွေ့မကျပါဘူး။

ဒါပေမဲ့ “ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ် “ ဆိုတဲ့ စကားပုံလည်း ရှိတာမို့ အဖွဲ့အစည်းတွေအနေနဲ့၊ အဖွဲ့မှာပါတဲ့လူတွေအနေနဲ့တော့ ကိုယ့်အဖွဲ့နာမည်ဂုဏ်သတင်းကို ထိပါးစေတဲ့သူတွေကို ထိရောက်တဲ့အရေးယူမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ခြုံငုံကောက်ချက်ချတာဟာ လက်တွေ့မကျဘူးဆိုသည့်တိုင် မကောင်းတဲ့သူတွေ၊ မကောင်းတဲ့ အရာတွေကြောင့် အဖွဲ့အစည်းတစ်ခုလုံးထိခိုက်မသွားအောင် ဝိုင်းဝန်းတားဆီးမှသာ ဟန်ချက်ညီမျှကောင်းမွန်တဲ့ အဖွဲ့အစည်းတစ်ရပ်ကို ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။

ကိုးကား ။ ။ “လှသမိန်” ပြုစုသည့် “မြန်မာစကားပုံအဘိဓာန်”

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top