လိုက်ဖက်လွန်းလို့ ပရိတ်သတ်များအပြင်မှာ တကယ်တွဲစေချင်တဲ့Kdramaဇာတ်လမ်းမှ စုံတွဲများ

d.jpg

K-Drama ဇာတ်လမ်းတွဲများမှ စုံတွဲများဟာပရိတ်သတ်ရဲ့ရင်ကိုနွေးထွေးမှုရှိစေပြီးတကယ့် ချစ်သူစုံတွဲများလိုချစ်ခင်ကြင်နာတဲ့ရသကိုပေးစွမ်းနိုင်တဲ့ စွမ်းရည်တွေ ရှိကြပါတယ်။

ဒီလိုဇာတ်လမ်းတွဲတွေထဲကမှ ဒီနှစ်မှာ SBS ရဲ့ အကောင်းဆုံး Drama Awards ဆုရရှိဖို့ ခန့်မှန်းထားတဲ့ ဇာတ်လမ်းတွဲများမှ စုံတွဲတွေကိုဖော်ပြပေးလိုက်ပါတယ်။

၁။ Seo Hyun Jin နဲ့ Yang Se Jong — Temperature of Love

ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်သူ(Seo Hyun Jin)နဲ့ ရိုးသားကြိုးစားတဲ့ စားဖိုမှူး (Yang Se Jong)တို့ရဲ့ချစ်ခြင်းဇာတ်လမ်းဟာ ကြည့်ရှုသူပရိသတ်ကိုအပေါ်ယံဆက်ဆံရေးမျိုးလား၊ တကယ့် အချစ်စစ်လား၊ စတဲ့ မေးခွန်းတွေနဲ့ ပဟေဠိဆန်ဆန် ဖြစ်စေခဲ့တဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ နာမည်ကျော် ဝတ္ထုစာအုပ်ကိုဇာတ်လမ်းဖွဲ့ပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။

၂။ Nam Ji Hyun နဲ့ Ji Chang Wook — Suspicious Partner

Nam Ji Hyun နဲ့ Ji Chang Wook တို့ရန်တွေဖြစ် စကားများကြရာမှနောက်ဆုံးမှာတကယ့် အပြင်လက်တွေ့ဘဝကချစ်သူတွေလိုဇာတ်ပေါင်းထုပ်သွားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ Suspicious Partner ဇာတ်လမ်းတွဲကို ကြည့်ရှုသူပရိတ်သတ်များဟာ စိတ်လှုပ်ရှားခြင်းရသ၊ ပျော်ရွှင်ကြည်နူးဖွယ်ရသ နှစ်မျိုးစလုံးကို တစ်ချိန်တည်းမှာခံစားရစေတဲ့ ဇာတ်လမ်းမျိုးပဲဖြစ်ပါတယ်။

၃။ Suzy နဲ့ Lee Jong Suk — While You Were Sleepin

အနာဂါတ်မှာ ဖြစ်လာနိုင်တဲ့ ဆိုးဝါးတဲ့အဖြစ်အပျက်တွေကိုအိပ်မက်တွေထဲမှာမက်နိုင်စွမ်းရှိတဲ့ မိန်းကလေး (Suzy) နဲ့ အဲဒီအဖြစ်အပျက်တွေ ဖြစ်မလာအောင် တားဆီးချင်တဲ့ စုံစမ်းစစ်ဆေးရေးမှူးလေး (Lee Jong Suk) တို့ရဲ့ ချစ်ခြင်းဇာတ်လမ်းကကြည့်ရှုသူပရိတ်သတ်များကိုထူးခြားစိတ်ကူးယဉ်ဆန်တဲ့ ခံစားမှုကိုပေးစွမ်းခဲ့တဲ့ ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။

၄။ Oh YeonSeo နဲ့ Joo Won — My Sassy Girl

ခန့်မှန်းရခက်တဲ့မင်းသမီးလေးနဲ့စိတ်တိုစိတ်ဆတ်လွယ်ကာအတ္တကြီးပြီး စာကြိုးစားတဲ့မင်းမျိုးနွယ်တစ်ဦးတို့ရဲ့ ချစ်ခြင်းဇာတ်လမ်းကိုရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ Oh YeonSeo နဲ့ Joo Won တို့နှစ်ဦးတွေ့ဆုံချိန်မှာ ကြည့်ရှုသူ ပရိတ်သတ်တွေကို ရယ်မောပျော်ရွှင်ဖွယ် ရသကို ဒီနန်းတွင်းဇာတ်လမ်းတွဲလေးက ခံစားရစေမှာပါ။

၅။ Lee YeonHee နဲ့ Yeo Jin Goo — Reunited Worlds

ဒီစိတ်ကူးယဉ်အချစ်ဇာတ်လမ်းလေးမှာတော့မတူညီတဲ့လောကနှစ်ခုမှာကလေးဘဝကသူငယ်ချင်းနှစ်ယောက်ကြီးပျင်းလာတဲ့ဇာတ်လမ်းပုံစံမျိုးပါ။ သူတို့နှစ်ဦး ပြန်လည်တွေ့ဆုံကြပေမဲ့ သူတို့ရဲ့ဘဝတွေကမတူညီတဲ့အချိန်ကာလတွေကို အတူတူဖြေရှင်းဖို့ကြိုးစားကြပါတယ်။ ဒီဇာတ်လမ်းလေးမှာစိတ်ကူးယဉ်ဆန်ပြီး ပဟေဠိဆန်တဲ့ရသကို ကြည့်ရှုသူပရိတ်သတ်များခံစားရမှာပဲဖြစ်ပါတယ်။

HtetHtet Tin Zar (ရိုးရာလေး)

Ref : Koreaboo : 5 SBS Kdrama That Looked So Good Together Fans Wished They Were Real

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top