သိပ္ပံပညာရှင်တွေ အဖြေရှာလို့မရသေးတဲ့ အဖြစ်အပျက်များ

49454895_409027876507847_5206408112679944192_n.jpg

စာဖတ်သူတွေ သိပြီးကြပြီလား။ ကမ္ဘာပေါ်မှာ လူသားတွေနားလည်ဖို့ခက်ခဲတဲ့ အဖြစ်အပျက်အချို့ ကျန်ရှိနေတုန်းပဲဆိုတာလေ…။ အခုတစ်ခေါက်မှာတော့ စာဖတ်ပရိတ်သတ်တွေ ဗဟုသုတရရှိစေမယ့်အကြောင်းအရာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ကြောင်တွေဘာလို့ ညည်းတာလဲ

ကြောင်တွေဟာ အမွေးထူပြီး ချစ်ဖို့ကောင်းတဲ့သတ္တဝါတွေ ဖြစ်ပါတယ်။ ဒီလိုချစ်ဖို့ကောင်းတဲ့ကြောင်တွေဟာ ညည်းတတ်ကြပါတယ်။ တကယ်တော့ ကြောင်တွေညည်းတဲ့အခါ နှလုံးမခုန်ကြပါဘူး။ သိပ္ပံပညာရှင်တွေကတော့ အပူရှိန်များနေရင်ဖြစ်စေ၊ နာကျင်မှုကိုလျော့ချဖို့ဖြစ်စေ ဒီလိုအသံပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

နေအဖွဲ့အစည်းမှာ ဂြိုလ်ဘယ်နှစ်လုံးရှိလဲ

ငယ်ငယ်တုန်းက ကျောင်းမှာ ဂြိုဟ်တွေအကြောင်း သင်ဖူးကြပြီး ကျွန်မတို့အားလုံးဟာ နေအဖွဲ့အစည်းမှာ ဂြိုလ်ကြီးကိုးလုံးရှိတယ်လို့ သိခဲ့ကြပါတယ်။ ပလူတိုဂြိုလ်ရဲ့အနောက်မှာ ရေခဲဖုံးလွှမ်းနေတဲ့အရာတွေ ရှိနေပါသေးတယ်။ သိပ္ပံပညာရှင်တွေက ပလူတိုဂြိုလ်ထက်ပိုကြီးတဲ့ ရေခဲဖုံးလွှမ်းနေတဲ့အရာတွေကို ထောင်နဲ့ချီပြီး ရှာဖွေတွေ့ရှိထားပါတယ်။

ဘာလို့ ဘယ်သန်တွေထက် ညာသန်တွေပိုများတာလဲ

လူသားအားလုံးရဲ့၇၀ ရာခိုင်နှုန်းကနေ ၉၅ ရာခိုင်နှုန်းလောက်အထိက ညာသန်တွေ ဖြစ်ကြပါတယ်။ ၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းလောက်သာ ဘယ်သန်တွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ဘယ်ရောညာရော နှစ်ဘက်လုံးကို အတူတူအသုံးပြုနိုင်တဲ့သူတွေလည်း ရှိကြပါတယ်။ တချို့တွေကတော့ ဒါတွေအားလုံဟား မျိုးရိုးလိုက်တာကြောင့်လို့ ပြောကြပါတယ်။

ဘာလို့အိပ်မက်မက်ကြတာလဲ

လေ့လာမှုတွေအရတော့ ကျွန်မတို့ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့အရာတွေနဲ့ ကျွန်မတို့ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေက အိပ်မက်အဖြစ် ကျွန်မတို့ကို လာရောက်လွှမ်းမိုးတာလို့ သိရပါတယ်။ အိပ်မက်တွေဟာ ပုံရိပ်တွေနဲ့ ဦးနှောက်ကထုတ်လွှတ်တဲ့လှိုင်းတွေသာဖြစ်ပါတယ်။ အိပ်မက်တွေကို လေ့လာထားချက်အရတော့ အိပ်မက်မက်သူတွေဟာ စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားရတဲ့ အကြောင်းတွေကို ရည်ညွှန်းချင်တာဖြစ်တယ်လို့ဆိုပါတယ်။

ဘာလို့ သွေးအမျိုးအစားတွေ မတူကြတာလဲ

သွေးအားလုံးက အနီရောင်ဖြစ်ပေမဲ့ သွေးအမျိုးအစားတွေကတော့ မတူညီကြပါဘူး။ သွေးအမျိုးအစားတွေအားလုံးမှာ သွေးဆဲလ်တွေမတူညီကြသလို သွေးတွင်းပရိုတိန်းဓာတ်က ခန္ဓာကိုယ်ပြင်ပက ရောဂါပိုးတွေကို တိုက်ထုတ်ပေးပါတယ်။ သိပ္ပံပညာရှင်တွေက ဒီလို သွေးအမျိုးအစားတွေ ဘာကြောင့်မတူညီကြသလဲဆိုတာကို ဖြေရှင်းချက်မပေးနိုင်ကြသေးပါဘူး။ ဒါပေမဲ့ ဒါတွေအားလုံးဟာ ရောဂါခံနိုင်ရည်အားနဲ့ပဲ ဆက်စပ်နိုင်တယ်လို့ ယူဆကြပါတယ်။ ဥပမာ- B သွေးအမျိုးအစားက အစာအဆိပ်သင့်တာကိုခံနိုင်ရည်ရှိပြီး အိုသွေးအမျိုးအစားက ငှက်ဖျားရောဂါကြောင့် သေဆုံးမှုကိုခံနိုင်ရည်ရှိပါတယ်။

Ref: www.speakingtree.in ” 5 shocking mysteries that even scientists cannot find answers to! ”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top